Connect with us

Social

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ၊ ဗီယက်နမ် နိုင်ငံများ ပါဝင်သော လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု ညီလာခံအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပ ပြုလုပ်မည်

လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု ညီလာခံ အထိမ်းအမှတ် အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Hotels & Tourism)

ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများ အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ရန် လေးနိုင်ငံ ခရီးစဉ် ဒေသတစ်ခု (Four Nations-One Destination) ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၁ ရက် အထိ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုညီလာခံအား လေးနိုင်ငံတွင် ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဈေးကွက် မြှင့်တင် ဆောင်ရွက်ရန်၊ အဖွဲ့ဝင် နိုင်ငံများ၏ ရိုးရာအစားအစာများ၊ ယဉ်ကျေးမှု၊ အနုပညာများအား ဖလှယ်ခြင်း၊ ဈေးကွက် မြှင့်တင်ခြင်းနှင့် ရှာဖွေခြင်း၊ ဒေသတွင်း ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် “လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု” ဖြစ်ပေါ်စေရေး တို့အတွက် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု ညီလာခံသို့အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ကြီးများ၊ ဘဏ် လုပ်ငန်းနှင့် ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေး ၊ ဆက်သွယ်မှု နည်းပညာနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အဓိကလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော စီးပွားရေး အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် ကိုယ်စား လှယ်များ ပါဝင် တက်ရောက် ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117