Connect with us

Social

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ ၏ လူဦးရေ ၅၄.၄၅ သန်း ပြည့်မြောက်ကြောင်းထုတ်ပြန် 

လူဦးရေစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်သို့ ကူးပြောင်းချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် လူဦးရေတိုးနှုန်း(အလယ်အလတ်) ခန့်မှန်းတွက်ချက်မှုအရ ၅၄.၄၅ သန်းသို့ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ အင်အားဦးစီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့အင်အားဦးစီးဌာနသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်ယူနိုင်ခဲ့သော ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူဦးရေစာရင်း ကောက်ယူမှုအားတွေ့ရစဉ် (ဓာတ်ပုံ–လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)

လူဦးရေစာရင်း ကောက်ယူမှုအားတွေ့ရစဉ် (ဓာတ်ပုံ–လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)

လူဦးရေစာရင်းဇယားစဉ်ဆက်မပြတ်ရရှိနိုင်ရေးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ဆိုင်သည့် ရေတိုရေရှည် စီမံကိန်းများအား အထောက်အပံကောင်းများ ပံ့ပိုးပေးနိုင်ရုံသာမက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများကိုပါ သက်ဆိုင်ရာဒေသ၏ လူဦးရေစာရင်းဇယားများဖြင့် ထောက်ပံ့ကူညီနိုင်မည်ဖြစ်ကြောင်း၊ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် လိုအပ်သောအချိန်ကာလအတွက် တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိစေရန် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း၊နိုင်ငံတော်၏ လူမှုစီးပွားရေးစီမံကိန်းများနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအ တွက် အထောက်အကူဖြစ်စေမည့် လူဦးရေကိန်းဂဏန်းများရရှိစေရန် စစ်တမ်းများကောက်ယူခြင်း၊ နိုင်ငံတော်၏ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းခြင်းနှင့် ပြည်တွင်းပြည်ပ လူဦးရေဆိုင်ရာ လှုပ်ရှားမှုလုပ် ငန်းများအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို လာမည့် နှစ်သစ်ကာလတွင်လည်း အောင်မြင်စွာ ဆောင်ရွက်၍ နိုင်ငံတော်၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.