Connect with us

Social

စနေအော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန်စျေးတန်း ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ စတင်ဖွင့်လှစ်ရောင်းချ

အော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန်စျေးတန်းအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီးမှူး၍ အပတ်စဉ် စနေအော်ဂဲနစ်စိုက်ပျိုး ရေးထုတ်ကုန်စျေးတန်းကို တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာပန်းခြံရှေ့တွင် ဒီဇင်ဘာ ၂၈ ရက် နံနက်က စတင်ဖွင့်လှစ် ရောင်းချခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်းဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန် စျေးတန်းတွင် အော်ဂဲနစ်နည်းပညာဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ၊ ကင်ပွန်းသီး၊ ရှားစောင်းလက်ပပ်၊ ထောလပတ်ရွက်တို့ဖြင့် ပြုလုပ်ထားသည့် ခေါင်းလျှော်ရည်၊ သင်္ဘောသီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့ဖြင့် ပြုလုပ်ထား သည့် မျက်နှာသစ်ဆပ်ပြာများ၊ တမာရေချိုး ဆပ်ပြာ၊ စပါးလင်ဆီဖြင့် ပြုလုပ်ထားသည့် ခြင်ဆေးရည်၊ ဆံပင်မည်းနက်သန်ဆေးများ၊ ချဉ်ဇော်ခါးသီး၊ ရဲယိုသီး၊ မန်ကျည်းသီးတို့ဖြင့် ပြုလုပ်ထားသည့် ဖျော်ရည်များ၊ မှိုများ၊ မြန်မာ့ မုန့်များနှင့် အိမ်သုံးဆေးဝါးများတို့ကို ခင်းကျင်း ပြသရောင်းချကြကြောင်း သိရသည်။ 

အော်ဂဲနစ်စျေးတန်းကို အပတ်စဉ် စနေနေ့တိုင်း နံနက် ၆ နာရီမှ ၁၁ နာရီအထိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် သူများကိုရောင်းချစေပြီး တစ်ဆင့်ပြန်လည် ရောင်းချသူကို ခွင့်မပြုကြောင်း၊ အခွန်အခ ပေးဆောင်ရန်မလိုကြောင်း၊ စိုက်ပျိုးရေးဌာနက သတ်မှတ်ထားသည့် အော်ဂဲနစ်စံချိန်စံညွှန်း အတိုင်း ထုတ်လုပ်ရောင်းချစေကြောင်း၊ စိုက်ခင်းများကို မိမိကိုယ်တိုင်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းနှင့် စားသုံးသူအများပြည်သူ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေးကို ရည်ရွယ်ကြောင်းကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.