Connect with us

Social

ကချင် နှင့် ရှမ်းပြည်နယ်များ အတွင်း ကျေးလက်ဒေသ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးစီမံကိန်း ပဉ္စမအဆင့်အား ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ အမေရိကန်ဒေါ်လာ ၃.ဝ၃ သန်းဖြင့် ဆောင်ရွက်သွားမည်

ကျေးလက်ဒေသ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပဉ္စမအဆင့်အား ဆက်လက်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ အားလက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-Ministry of Border Affairs)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အတွင်းရှိ ကျေးလက်ဒေသများ၌ ရေရှည် တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ်များဖြင့် ကျေးလက်ဒေသဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးစီမံကိန်း ပဉ္စမအဆင့်အား ယခု ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.ဝ၃ သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း (SWISSAID) တို့အကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်း ကျေးလက်ဒေသ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ပဉ္စမအဆင့်အား ဆက်လက်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာအား ဖေဖော်ဝါရီ ၁၉ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းပထမအဆင့်အနေဖြင့် ၂၀၀၁ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ အမေရိကန်ဒေါ်လာ (ဝ.၄၅) သန်းဖြင့်လည်းကောင်း၊ စီမံကိန်းဒုတိယအဆင့်အနေဖြင့် ၂၀၀၅ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၁) သန်းဖြင့်လည်းကောင်း၊ စီမံကိန်းတတိယအဆင့်အနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၁.၀၀၈) သန်းဖြင်လည်းကောင်း စီမံကိန်းလုပ်ငန်းများကို အသီးသီး ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဒေသများရှိ လူထု၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.