Connect with us

Social

တရုတ်နှစ်သစ်ကူး ကာလအတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား ၁၀၀ ကျော် မော်တော် ယာဉ်တန်း ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ခဲ့

မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာသော တရုတ်ကမ္ဘာ့လှည့်ခရီးသွားများအားတွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူး ကာလအတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား ၁၂၉ ဦးသည် အဖွဲ့လိုက် မော်တော် ယာဉ်တန်း ခရီးစဉ်များဖြင့် လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံသား ဧည့်သည်များအနေဖြင့် ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိရာ ဖေဖော် ဝါရီလ(၆)ရက်နေ့တွင် တရုတ်နိုင်ငံသား ဧည့်သည် (၂၂) ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ်(၈)စီးဖြင့် လည်းကောင်း ၊ ဖေဖော်ဝါရီ ၇ ရက်တွင် တရုတ်နိုင်ငံသားဧည့်သည်(၃၄)ဦးပါဝင်သော အဖွဲ့သည်မော်တော်ယာဉ်(၉)စီးဖြင့် လည်းကောင်း ၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် တရုတ်နိုင်ငံသား ဧည့်သည် (၃၂)ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် (၉) စီးဖြင့် လည်းကောင်း ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် တရုတ်နိုင်ငံသား ဧည့်သည်(၄၁)ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် (၁၁) စီးဖြင့် လည်းကောင်း မူဆယ် မြို့မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ မြို့များသို့သွားရောက်လည်ပတ်၍ တရုတ်နိုင်ငံသို့ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် မြန်မာနိုင်ငံမှာ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှု အားကောင်းသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ထင်ရှားလာခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးစဉ်များသာမက မော်တော်ယာဉ်တန်း၊ မော်တော် ဆိုင်ကယ်ယာဉ်တန်း၊ စက်ဘီးယာဉ်တန်း ခရီးစဉ်များဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လည် ပတ်မှုများသည် လစဉ်တိုးတက်များပြားစွာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)