Connect with us

Social

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အွန်လိုင်းရုပ်ရှင်ပွဲတော်ကျင်းပ

မြန်မာ့ရုပ်ရှင် နှစ်၁၀၀ပြည့်ပွဲတော်ကြော်ငြာဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက်မှ  ၃၁ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။

“မနေ့က အောက်တိုဘာ ၈ရက် ကစပြီး အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့တာပါ။ COVID-19 ကာလဖြစ်တဲ့အတွက် အွန်လိုင်းကနေပြီးတော့ပဲ ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေ၊ မြန်မာ့ရုပ်ရှင်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အခုလို အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီးကျင်းပရတာဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19 ရောဂါအခြေအနေကြောင့် ယခုကဲ့သို့ အွန်လိုင်းမှ ကျင်းပခြင်းဖြစ်ကြောင်း၊ အွန်လိုင်းရုပ်ရှင်ပွဲတော်တွင် Mahar Mobile Application ဖြင့် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၂၅၀၀ ကျော်ကို Promo Code (102020) ဖြင့် အောက်တိုဘာ ၈ ရက်မှ ၃၁ ရက်အထိ လည်းကောင်း၊ Cookie Application ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်နှင့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်  အထိမ်းအမှတ်  Movie Album များကို  Promo Code (MMFILM 100) ဖြင့်  အောက်တိုဘာ ၁၃ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊  Pyone  Play  Application  ဖြင့်  မြန်မာရုပ်ရှင် ဇာတ်ကား ၃၀ နှင့် ဇာတ်လမ်းတွဲများအား လည်းကောင်း အခမဲ့ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.