Connect with us

Social

သြင်္ကန်ပိတ်ရက်တွင် ထိုင်းနိုင်ငံမှ နေရပ် ပြန်ဝင်လာသူ မြန်မာလုပ်သား ဦးရေ တစ်သိန်းကျော်ခန့်ရှိပြီဟုဆို

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများအား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

သြင်္ကန်ပွဲတော် ဆင်နွှဲရန် ထိုင်းနိုင်ငံမှ နေရပ်ပြန်ဝင်လာသူ မြန်မာလုပ်သား ဦးရေမှာ ဧပြီ ၅ ရက်မှ ၁၀ ရက်အတွင်း ဦးရေ တစ်သိန်းကျော် ခန့်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

နှစ်နိုင်ငံအစိုးရမှ အဝင်အထွက် အိမ်ပြန်တုံးထုခ အခမဲ့ဖြင့် ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ ကင်းလွတ် ခွင့်ပြု ထားပြီးနောက် ထိုကဲ့သို့ပြန်လည် ဝင်ရောက်လာခဲ့ကြခြင်းများ ဖြစ်ကြောင်း သိရသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် (၁)တံတားမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုအခါ ပြန်သည့်သူ များသည့် အတွက်ကြောင့် အချိန်ကြန့်ကြာမှု မရှိရစေရန် ကောင်တာ သုံးခုဖွင့်ပြီး ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။

ထို့အတူ နေရပ်ပြန်ဝင်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထိုင်းဘတ်ငွေကို မြန်မာငွေ လဲလှယ် ရာတွင် အလိမ်မခံရစေရန် ကူညီဆောင်ရွက် ပေးခြင်းများကိုပါ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

နေရပ်ပြန် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ စာရွက်စာတမ်းများအား ကိုယ်နှင့် တစ်ပါတည်း ပါအောင် ယူဆောင် သွားကြရန်နှင့် မိမိတို့၏ စာရွက်စာတမ်းများ ပျောက်ဆုံး၊ ပျက်စီးခဲ့ပါက ပြန်လည် လျှောက်ထား နိုင်ရန် အထောက်အထား စာရွက်စာတမ်း များကို မိတ္တူကူးယူထားခြင်း ၊ လက်ကိုင်ဖုန်းများဖြင့် စနစ်တကျ ဓာတ်ပုံ ရိုက်သိမ်းထားခြင်း၊ လ.ဝ.က ထွက်ပေါက် ဝင်ပေါက်များမှ အထွက် တုံးများအား ဓာတ်ပုံရိုက် သိမ်းထားခြင်းများ ဆောင်ရွက်ကြရန်လည်း အလုပ်သမားသံအရာရှိရုံးမှ သတိပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.