Connect with us

Social

မန္တလေးမှ ဗန်းမော်၊ ဟုမ္မလင်း ခရီးစဉ်များ ကို နိုင်ငံခြားသား သီးသန့် ရေယာဉ်များပြေးဆွဲပေးမည်

လက်ရှိနိုင်ငံခြားသားများအတွက် ပြေးဆွဲနေသည့် ရေယာဉ်အားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်ချိန် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် လာရောက်မှု များပြားလာပြီ ဖြစ်၍ လေ့လာရေးနှင့် အပန်းဖြေ ခရီးစဉ်များ အတွက် မန္တလေးမှ ဗန်းမော်၊ ဟုမ္မလင်း ခရီးစဉ်များ ကို နိုင်ငံခြားသား သီးသန့် ရေယာဉ်များဖြင့် သြဂုတ်လ အတွင်း စတင်ပြေးဆွဲ ပေးတော့မည် ဖြစ်ကြောင်း ရေ အရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ဒေသ-၅) မန္တလေး ရေလမ်းပြ ဌာနမှ သိရသည်။

နိုင်ငံခြားသား ခရီးသည်များ အတွက် ဧရာဝတီ မြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တို့တွင် လေ့လာရေးနှင့် အပန်းဖြေ ခရီးစဉ်များ ပြေးဆွဲပေးလျက် ရှိသည့် သီးသန့်ရေယာဉ် များမှာ ဧပြီလနှင့် မေလတို့က ပြေးဆွဲမှု ယာယီရပ်နား ထားခဲ့ပြီး ယခုအချိန် မြစ်ရေများ မြင့်တက်ချိန်နှင့် ရာသီဥတု အေးချမ်းသည့် အချိန်တွင် နိုင်ငံခြားသား ခရီးသည်များ စတင် လာရောက်မှု များပြားလာပြီ ဖြစ်သောကြောင့် ဧရာဝတီ မြစ်ကြောင်းအတွင်း မန္တလေးမှ ပုဂံ၊ မန္တလေးမှ ဗန်းမော်ထိ နှင့် ချင်းတွင်း မြစ်ကြောင်းအတွင်း မန္တလေးမှ ဟုမ္မလင်း မြို့ထိကို ယခုလအတွင်း စတင်ပြေးဆွဲ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသည်များ လေ့လာရေးနှင့် အပန်းဖြေ ခရီးစဉ်များ အတွက် ပုဂံ-မန္တလေး ခရီးစဉ်ကို သြဂုတ် ၃ ရက်က စတင်ပြေးဆွဲပေး နေပြီဖြစ်ပြီး စက်တင်ဘာလ ထဲတွင် ပုဂံ-ဗန်းမော် လိုင်းကို ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း၊ သြဂုတ် ၁၆ ရက်မှစ၍ RV Orcaella ယာဉ်ကို မန္တလေး (ရွှေကြက်ယက်)မှ ဟုမ္မလင်း၊ ဟုမ္မလင်းမှ ပုဂံခရီးစဉ် များကို ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း၊ ရေများရာသီ မှသာ ချင်းတွင်း မြစ်ကြောင်း ဟုမ္မလင်းထိ ပြေးဆွဲပေး နိုင်ပြီး ရေနည်းချိန်တွင် မန္တလေး-ပုဂံ ခရီးစဉ်ကိုသာ အဓိက ပြေးဆွဲပေး ရကြောင်း မြဝတီ သတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.