Connect with us

Social

မြန်မာနိုင်ငံသို့နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ ယာဉ်တန်း ဝင်ရောက်မှုနှင့် မြစ်ကြောင်း လည်ပတ်မှုမှာ ယခုနှစ်တွင် ပိုမို တိုးတက် များပြားမည့် အလားအလာရှိဟုဆို

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ ယာဉ်တန်း ဝင်ရောက်လာမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)

ရန်ကုန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များမှတဆင့် မော်တော် ယာဉ်တန်း နှင့် မြစ်ကြောင်း ခရီးစဉ်များဖြင့် လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အရေအတွက်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ၃၅၂၀ ဦးရေရှိပြီး ယခု ၂၀၁၆ ခုနှစ်တွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပိုမို တိုးတက် များပြား လာမည့် အလားအလာ ကောင်း များရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် များမှတဆင့် မော်တော်ယာဉ်တန်း၊ မော်တော်ဆိုင်ကယ်ယာဉ်တန်း၊ စက်ဘီးယာဉ်တန်းခရီးစဉ် များဖြင့် လည်ပတ်သည့် ခရီးစဉ်စုစုပေါင်း ၁၅၂ ခုရှိခဲ့ပြီး နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၁၈၆ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း ခရီးစဉ် ရေယာဉ်သင်္ဘောဖြင့် လည်ပတ်သည့် ခရီးစဉ်များမှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စုစုပေါင်း ၆၂ ခုရှိခဲ့ပြီး နိုင်ငံခြားသား ခရီး သွားဧည့်သည် ၁၃၃၄ ဦး လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.