Connect with us

Social

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝ,ဝဝဝ အထိ ဆောင်ရွက်မည်

ကင်းထောက်လူငယ်များအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊မတ်၂၄ရက်(ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝ,ဝဝဝ ကျော် ရှိလာသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

အခြေခံပညာ ကျောင်းများ၌ ပြန်လည် စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက် များရှိပြီး အသက်အရွယ် ကိုလိုက်၍ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထား ကြောင်း ၎င်း ကော်မတီမှ တာဝန်ရှိသူကဆိုသည်။

ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက်အဆင့် ဟူ၍ သတ်မှတ် ထားသည်။ မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက်လူငယ် အဖွဲ့ အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင်ဖွဲ့စည်း ခဲ့ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.