Connect with us

Social

အငှားယာဉ်စီးသူများ အငှားယာဉ် ငှားရမ်း စီးနင်းရာတွင် လုံခြုံမှုရှိစေရေးအတွက် စီးတီးတက္ကစီ အသင်းအဖွဲ့များထားရှိမည်

ရန်ကုန်မြို့တွင် သွားလာနေသည့် မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန်၂၃ ရက် (ဆင်ဟွာ)

အငှားယာဉ်စီးသူများ အငှားယာဉ် ငှားရမ်း စီးနင်းရာတွင် လုံခြုံမှုရှိစေရေးအတွက် စီးတီးတက္ကစီ အသင်းအဖွဲ့များ ထားရှိပေးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်တချို့မှာ ခရီးသည်များကို လုံခြုံမှုပေးနိုင်ခြင်း မရှိ၍ အဆိုပါယာဉ် များကို အုပ်ချုပ်မည့် စီးတီးတက္ကစီ ကုမ္ပဏီ အသင်းအဖွဲ့များ ထားရှိပေးရန် လိုအပ်လျက်ရှိကြောင်း၊ ယင်းအသင်းအဖွဲ့များ ထားရှိပေးပြီးပါက GPS စနစ်ဖြင့် ယာဉ်လမ်းကြောင်းများ ထိန်းချုပ်မည်ဖြစ်၍ ပြည်ပ ဧည့်သည်များနှင့် ခရီးသွားပြည်သူများ အတွက် ဝန်ဆောင်မှုနှင့် လုံခြုံစိတ်ချမှု ရရှိနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် အငှားယာဉ်များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှစ၍ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော်မတီက လွှဲပြောင်း ယူခဲ့ပြီး လက်ရှိတွင် မှတ်ပုံတင်ထားသည့် အငှားယာဉ် ၆၂,၂၄၄ စီး ရှိကြောင်း မြဝတီသင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117