Connect with us

Social

အိန္ဒိယနိုင်ငံ ပို့ဘလဲယားရှိ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ရေလုပ်သား ၂၄၉ ဦးအား မြန်မာနိုင်ငံသို့ မေလ ကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းတွင် သွားရောက် ခေါ်ယူရန် စီစဉ်ထား

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs Myanmar)

ရန်ကုန် ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ရေလုပ်သား ၂၄၉ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်ချက်များ အရ မေလကုန်ပိုင်းတွင် တစ်ကြိမ်၊ ဇွန်လဆန်းပိုင်းတွင် တစ်ကြိမ် ပို့ဘလဲယားသို့ လေယာဉ်ဖြင့် သွားရောက်ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့မေလ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသား စိစစ်ပြီးသူ ရေလုပ်သား ၂၄၉ ဦးမှာ ဧရာဝတီ တိုင်းဒေသကြီးမှ ၂၃၃ ဦး၊ ရခိုင်ပြည်နယ်မှ ၁၄ ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ ၂ ဦး တို့ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်များမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စောင့်ကြိုပြီး နေရပ် အသီးသီးသို့ ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.