Connect with us

Sport

မြန်မာနိုင်ငံ၏ ပထမဆုံး အားကစား တက္ကသိုလ် မတ်လတွင် ဖွင့်လှစ်မည်

နေပြည်တော်တွင် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံးသော အားကစား တက္ကသိုလ် ပုံစံငယ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံးသော အားကစား တက္ကသိုလ်ကြီးကို နေပြည်တော်တွင် တည်ဆောက်လျက်ရှိရာ လက်ရှိတွင် လောလောဆယ် ၈၁.၅ ရာခိုင်နှုန်း ပြီးစီးကာ ၂၀၁၆ မတ်လတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါ တည်ဆောက်ရေး လုပ်ငန်း အချောသပ် လုပ်ငန်းများ အားလုံးကို ၂ဝ၁၆ ခုနှစ် မတ်လကုန် တွင် အပြီး တည်ဆောက်သွားရန် မျှော်မှန်းထားသည်။

အားကစားတက္ကသိုလ် ကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ ရပ်ကွက် ဇေယျာအောင်မြေလမ်း နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းအနီး မြေဧက ၈၉.၇ ဧက ပေါ်တွင် တည်ဆောက်လျက် ရှိရာ ငွေကျပ် သန်းပေါင်း ၄,၇ဝဝ အထိ အကုန်အကျ ခံကာ တည်ဆောက် နေသည်။

အဆိုပါ အားကစား တက္ကသိုလ်ကြီးကို လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ် သင်ကြားနိုင်ရန် စီစဉ်လျက် ရှိပြီး ယခုအခါ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ ရတနာပုံ တက္ကသိုလ် ကြီးများတွင် B.Sc (sport) ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရ သည်။

အားကစား တက္ကသိုလ်ကြီး တည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၂ ရက်က စီမံကိန်း လုပ်ငန်း စတင်ခဲ့ပြီး စီမံကိန်း ကာလ တစ်နှစ်နှင့် ၁ဝ လ ခန့်ဖြင့် အပြီး တည်ဆောက် သွားမည် ဖြစ်သည်။

အားကစား နည်းတိုင်းသည် အခြေခံကျကျ ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်ပြီး ယင်းကဲ့သို့ အာကစား တက္ကသိုလ်ကြီး ပေါ်ထွန်း လာမှုနှင့် အတူ အားကစားသမား ကောင်းများ ပေါ်ထွက်စေရန် မျှော်လင့်ချက်ဖြင့် အားကစား တက္ကသိုလ်ကြီးကို တည်ဆာက်ပေးရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.