Connect with us

Sport

လှုပ်လှုပ်ရှားရှား လူထု အားကစား အွန်လိုင်းပြိုင်ပွဲ ဆုအရေအတွက် ထပ်တိုးရန်စီစဉ်နေ

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း

COVID-19 ကာလ Stay Home နေထိုင်ကြရသည့် ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ ကိုယ်ခံအား ကောင်းမွန်စေရေး တို့အတွက် နေ့စဉ် အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စီစဉ် ကျင်းပလျက်ရှိသည့် အွန်လိုင်းတွင် ယှဉ်ပြိုင်ရသည့် Physical Fitness Dance ပြိုင်ပွဲအတွက် လက်ရှိ ဆုများအပြင် နောက်ထပ် ဆုများ တိုးမြှင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားးကစားဝန်ကြီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ယနေ့ ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်က စပြီး ‘လှုပ်လှုပ်ရှားရှား လူထု အားကစား facebook page/group’ ထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ မြို့နယ်တွေက ပြည်သူတွေ ဝင်ပြိုင်စေခဲ့ပါတယ်၊ ပြိုင်ပွဲပေါင်း ကိုးပွဲ ပြိုင်ကြရမှာပါ၊ အခု သုံးပွဲ ပြီးလို့ စတုတ္ထပြိုင်ပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စဖို့ ပြင်ဆင် လေ့ကျင့်နေကြပါပြီ၊ ဖေဖော်ဝါရီ ၁၉ ရက် နေ့မှာ ပြိုင်ပွဲ ကိုးခုစလုံး ပြီးပါမယ်၊ ပြိုင်ပွဲဝင် ပြည်သူ ဦးရေတွေ တိုးလာပါတယ်၊ ဆုအရေ အတွက်ကိုလည်း တိုးပေးဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲသို့ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ခု ရှိ ခရိုင် ၇၃ ခရိုင်၊ မြို့နယ် ၃၃၀ တို့မှ ပြည်သူများဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ယခု စတုတ္ထ ပွဲစဉ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ဦးရေမှာ ၁၈,၈၆၀ ခန့်ရှိကြောင်း၊ ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုဟူ၍ ဆု သုံးဆုနှင့် နှစ်သိမ့်ဆု ၁၅ ဆု၊ စုစုပေါင်း ၁၈ ဆုကို ချီးမြှင့်မည်ဖြစ်သော်လည်း ယခုအခါ တိုင်းဒေ သကြီးနှင့် ပြည်နယ်များ အကောင်းဆုံး ဆု တစ်ဆုစီ ထပ်ပေးနိုင်ရန်အတွက် နောက်ထပ် ၁၀ ဆု ထပ်တိုးပြီး ဆုပေါင်း ၂၈ ဆု ချီးမြှင့်နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ ပထမ ဆု အတွက် ကျပ် သိန်း ၂၀၊ ဒုတိယ ဆုအတွက် ကျပ် ၁၇ သိန်း၊ တတိယ ဆု အတွက် ကျပ် ၁၅ သိန်းနှင့် နှစ်သိမ့်ဆု ငါးဆုအတွက် ကျပ် ၁၀ သိန်းစီတို့ကို မြို့နယ်များနှင့် ခရိုင်များတွင် ချီးမြှင့်မည် ဖြစ်ရာ ဆုငွေ စုစုပေါင်း ကျပ် သိန်း ၇၀၀ ကျော်ခန့် ဘတ်ဂျက် လျာထားကြောင်းနှင့် ပြိုင်ပွဲ ကိုးပွဲ ကျင်းပပြီးချိန်တွင် COVID-19 ကပ် ရောဂါ ဆက်ရှိနေသေးပါက ယခုကဲ့သို့ လူထု လှုပ်ရှား ပြိုင်ပွဲများအား ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း၊ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေး ဌာနက နေ့မအား ည မအား အင်တိုက် အားတိုက် ဆောင်ရွက်နေသကဲ့သို့ အားကစားနှင့် ကာယပညာ ဌာနကလည်း ပြည်သူများ ကျန်းမာ ကြံ့ခိုင်ပြီး ကိုယ်ခံအား ကောင်းမွန်စေရေး၊ စိတ်ကြည်လင်ပြီး ပေါ့ပါးသွက်လက်စေရေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၏ လမ်းညွှန်ချက်အရ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.