Connect with us

Sport

၁၄ ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်တွင် မြန်မာအသင်း ရွှေတံဆိပ် တစ်ခု၊ နှင့် ငွေတံဆိပ် တစ်ခု ထပ်မံဆွတ်ခူးရရှိ

မြန်မာအသင်း ဆုလက်ခံရယူစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင်ကျင်းပသော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် မီတာ ၅၀၀ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ပွဲစဉ် သုံးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မြန်မာ လက်ရွေးစင်လှေလှော်အသင်းသည် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် မီတာ ၅၀၀ ပွဲစဉ်များအနက် Premier ပွဲစဉ်၊ အသက် (၂၄)နှစ်အောက် အမျိုးသမီးပွဲစဉ်နှင့် အသက်(၂၄)နှစ်အောက် အိုးပင်းပွဲစဉ် သုံးမျိုးတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ် နှစ်မျိုး၌ ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယူ(၂၄)အမျိုးသမီးအသင်းက ရွှေတံဆိပ်ဆုကို ရယူပေးခဲ့ခြင်းဖြစ်သည်။ ယခုရွှေတံဆိပ်သည် မြန်မာအသင်း အတွက် လေးခုမြောက် ရွှေတံဆိပ်ဖြစ်ပြီး ယူ (၂၄)အမျိုးသမီးအသင်း ရယူ ပေးခဲ့သော တတိယမြောက် ရွှေတံဆိပ်လည်း ဖြစ်သည်။

သြဂုတ် ၂၅ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်ကျင်းပသော အသက်(၂၄)နှစ်အောက် အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲ၏ ပထမအကြိမ်ပွဲစဉ်၌ မြန်မာယူ (၂၄)အမျိုးသမီးအသင်းသည် စံချိန် ၀၂မိနစ် ၂၄ဒသမ ၇၅၇စက္ကန့်ဖြင့် အိမ်ရှင်ထိုင်းအသင်း၊ အမေရိကန်အသင်းနှင့် ဩစတြေးလျအသင်းများကို ဖြတ်ကျော်ကာ ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ဆက်လက်ယှဉ်ပြိုင်ရသော ဒုတိယအကြိမ်ပွဲစဉ်၌ စံချိန် ၀၂ မိနစ် ၂၄ ဒသမ ၀၄၉ စက္ကန့် ဖြင့် ပန်းဝင်နိုင်ခဲ့သဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင်လှေလှော်အသင်းသည် ဩဂုတ် ၂၁ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ပြိုင်ပွဲရက်(၅) ရက်စလုံး နေ့စဉ်ဆုတံဆိပ်များ ရရှိခဲ့ပြီး စုစုပေါင်း ပွဲစဉ် ၁၅ မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ် ၁၃ မျိုး၌ ဆု ၁၃ မျိုးရရှိခဲ့ကာ ပွဲစဉ်နှစ် မျိုး၌သာ ဆုတံဆိပ်လက်လွှတ်ခဲ့ရသည်။ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်ဆု လေးဆု၊ ငွေတံဆိပ်ဆု လေးဆု၊ ကြေးတံဆိပ်ဆု ငါးဆုတို့ကို ဆွတ်ခူးရရှိခဲ့ ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.