Connect with us

Sport

၂၀၁၆ ရီယို နွေရာသီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ မန္တလေးမြို့ မန္တလာသီရိကွင်း တွင် ကျင်းပမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ ကြော်ငြာ (ဓာတ်ပုံ- MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF မှ ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၀၁၆) ခုနှစ် ရီယို နွေရာသီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဒုတိယအဆင့် ခြေစစ်ပွဲ ဘောလုံး ပွဲစဉ်များအား စက်တင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် မြန်မာအသင်း၊ ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ ဂျော်ဒန်အသင်း၊ တရုတ်တိုင်ပေ အမျိုးသမီး လက်ရွေးစင် အသင်းများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်များအနက် စက်တင်ဘာလ ၁၄ ရက်တွင် မြန်မာအသင်းနှင့် ဂျော်ဒန် အသင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ စက်တင်ဘာလ ၁၈ ရက်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ စက်တင်ဘာလ ၂၂ ရက်တွင် မြန်မာအသင်းနှင့် တရုတ်တိုင်ပေ အသင်းတို့သည် ညနေ ၆ နာရီခွဲတွင် စတင်ပြီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117