Connect with us

Sport

၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် နိုင်ငံတကာအသင်းပေါင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် )

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာလူငယ် အမျိုးသမီးဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် နိုင်ငံတကာအသင်းပေါင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာဦးဇော်မင်းထိုက်က “အာရှဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲနှစ်ခုလုံးရဲ့ ပထမအဆင့်ခြေစစ်ပွဲအုပ်စုတွေကို လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံများကို ရွေးချယ်တဲ့အခါမှာ ပြိုင်ပွဲဝင်နိုင်ငံများကိုပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်ဖို့စာရင်းပေးသွင်းထားပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။

အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ်တိုင်ပေ၊ မြောက်ကိုရီးယား၊ ဂူအမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ မလေးရှား၊ မော်လ် ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ မြောက်မာရီယာနာကျွန်းစု၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တာဂျစ် ကစ္စတန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်အသင်းတို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တရုတ်တိုင်ပေ၊ မြောက်ကိုရီးယား၊ ဂူအမ်၊ ဟောင်ကောင်၊ မလေးရှား၊ မော်လ် ဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ မြောက်မာရီယာနာကျွန်းစု၊ ပါကစ္စတန်၊ အိန္ဒိယ၊ အင်ဒို နီးရှား၊ အီရတ်၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117