Connect with us

Sport

နိုင်ငံတကာမြားပစ်ပြိုင်ပွဲများအတွက် ပြည်ပနည်းပြငှားရမ်းလေ့ကျင့်မည်

မြန်မာနိုင်ငံမြားပစ်အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အာဆီယံ တက္ကသိုလ်ကျောင်းသား အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲ များအတွက် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် အနေဖြင့် ပြည်ပနည်းပြလေးဦး ငှားရမ်းလေ့ကျင့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြှားပစ်အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၏ ကျိုက္ကဆံ အားကစားရုံ၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြားပစ်အဖွဲ့ချုပ် အနေနဲ့ ရေရှည် စီမံကိန်းတွေချမှတ်ပြီး ဆောင်ရွက်မှာ ဖြစ်သလို လူငယ်တွေနဲ့ မျိုးဆက်သစ်မြားပစ် ကစားသမားတွေအတွက်ပါ စီမံကိန်းတွေ ချမှတ်မှာပါ” ဟုမြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဦးဇေသီဟကပြောသည်။

ဦးဇေသီဟသည် ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.