Connect with us

News

တရုတ်-လာအိုရထားလမ်းက နယ်စပ်ဖြတ်ကျော် ခရီးသည်ခရီးစဉ် ၂၅,၀၀၀ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့

ကူမင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းက ဧပြီ ၁၃ ရက်၌ ခရီးသည်တင်ဝန်ဆောင်မှု စတင်ချိန်မှစ၍ နယ်စပ်ဖြတ်ကျော် ခရီးသည်ခရီးစဉ် ၂၅,၀၀၀ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း မိုဟန်မြို့ အဝင်၊ အထွက် နယ်စပ်စစ်ဆေးရေးဂိတ်အရ သိရသည်။အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ မိုဟန်မြို့သည် ပြည်တွင်း ခရီးသည်ခရီးစဉ် ၁၄,၁၅၆ ခုနှင့် ပြည်ပခရီးသည်ခရီးစဉ် ၁၁,၇၅၂ ခု ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။

“တရုတ်-လာအို ရထားလမ်းက ပြေးဆွဲတဲ့ နိုင်ငံတကာခရီးသည်တင်ရထားနဲ့ ခရီးသွားရတာ အလွန်ပဲ ပျော်ရွှင်ရပါတယ်။ သက်သောင့်သက်သာရှိပြီး အဆင်ပြေတယ်။ ရထားက ယူနန်နဲ့ လာအိုမှာရှိတဲ့နေရာတွေအများကြီး ရောက်တယ်။ အရမ်းကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံမှ စုံတွဲတစ်တွဲဖြစ်သော Michael နှင့် Alysha Dragoo တို့က ပြောသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်းအသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ပြေးဆွဲခဲ့သည်။ ၁,၀၃၅ ကီလိုမီတာရှည်လျားသော အဆိုပါ ရထားလမ်းသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ချိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ (Xinhua)

………………………………
China-Laos Railway records 25,000 cross-border passenger trips
KUNMING, June 13 (Xinhua) — The China-Laos Railway has handled 25,000 cross-border passenger trips since the launch of its passenger services on April 13, according to the Mohan entry-exit border checkpoint.
During the period, the Chinese border town of Mohan in the country’s southwestern Yunnan Province logged 14,156 inbound passenger trips and 11,752 outbound trips.
“We are very happy to travel on the international passenger train operated by the China-Laos Railway, which is comfortable and convenient,” said Michael and Alysha Dragoo, a couple from the United States. “We can take the train to many places in Yunnan and to Laos as well. It’s really great.”
The China-Laos Railway, a landmark project of high-quality Belt and Road cooperation, began operations in December 2021. The 1,035-km railway connects China’s Kunming with Vientiane in Laos.
Photo: A passenger train bound for the Lao capital Vientiane awaits departure from Kunming South Railway Station in Kunming, southwest China’s Yunnan Province, April 13, 2023. (Xinhua/Xing Guangli)