ဟနွိုင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင်ပြည်နယ်တွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်သွားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) မသန်စွမ်းများအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် ပူးပေါင်းပါဝင်ကြဖို့ လို မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် NGO, INGO အဖွဲ့အစည်း အသီးသီးတို့က ပါဝင် ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန...
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက်ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် အမည်မသိ သေနတ်သမား များက ဇန်နဝါရီ ၂၉ ရက်တွင် တိုက်ခိုက် ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ ၃ ဦး သေဆုံးကာ အခြား...
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ် တိုင်ပေရှိ ဟွာလျန်ခရိုင်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၅.၂ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၃၀ ရက် ပေကျင်းစံတော်ချိန် ၁၃း၂၁ နာရီက လှုပ်ရှားသွားကြောင်း တရုတ်ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက် ပြင်ဆင်ရေးမူ တစ်ခုကို ဗြိတိန်အောက်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် တွင် အတည်ပြုခဲ့ရာ ပြင်ဆင်ရေးမူသစ်ဖြင့် လက်ရှိ Brexit သဘောတူညီချက်ပါ အိုင်ယာလန် နယ်စပ်ရေးရာကို အစားထိုးနိုင်ရန် ဥရောပသမဂ္ဂနှင့်ညှိနှိုင်းဆွေးနွေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ်ကို တောင်းဆိုထားကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အား ချိတ်ဆက်ရန် ၂၀၁၉ခုနှစ်တွင်း သီးခြားစီလွှတ်တင်မှု ၇ခုဖြင့် ဂြိုဟ်တု ၁၀ခုကို လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ဇန်နဝါရီ ၂၉...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် Gavi, The Vaccine Alliance အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ကာရာကက်စ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ နိုင်ငံတော်တရားရုံးချုပ် (TSJ) သည် ကြားဖြတ်သမ္မတအဖြစ် မိမိကိုယ်ကို ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် Juan Guaido အား နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး ၎င်း၏ ငွေကြေးပိုင်ဆိုင်မှုများကို ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။