Connect with us

Economy

တရုတ်-မြန်မာ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့

တရုတ်-မြန်မာ ကုန်သွယ်မှု ချောမွေ့စေရေးလုပ်ငန်းအဖွဲ့ဒုတိယအကြိမ်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ--မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ဒုတိယအကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဘတရုတ်နိုင်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ၃၀ရက်က
ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များစစ်ဆေးမှု၊ အစားထိုးစိုက်ပျိုးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့မှု၊ကုန်သွယ်ရေးနှင့်စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာ ကုန်သွယ်ရေးက ကပ်ရောဂါကြောင့် အကျိုးသက်ရောက်မှုအားကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး
နောက်တစ်ဆင့်လုပ်ငန်းလားရာကိုလည်းအတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးသို့မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံရုံး စီးပွားရေးသံမှူး Mr.TanShufu တက်ရောက်ခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက “မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနဲ့ကအိမ်နီးချင်းဖြစ်ပြီးဝယ်လိုအားလည်းများတဲ့အတွက် ကျွန်တော်တို့ကုန်သွယ်ရေးကဏ္ဍတွေပိုမိုးတိုးတက်ဖို့ညှိနှိုင်းဆွေးနွေးတာတွေလည်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်နယ်စပ်ကုန်သွယ်ရေးတွေပိုမိုကောင်းမွန်လာမယ်လို့မျှော်လင့်ပါတယ်’’ ဟုဆင်ဟွာသို့ ပြောသည်။  (Xinhua)