Connect with us

Culture

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား အား ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ တွင်း ကျင်းပ

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင် ပွဲတော် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားများအား မြန်မာ ဘာသာစကား ဖြင့် အသံသွင်း ပြသ သည့် ၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် အစိုးရ အဖွဲ့ သက်ဆိုင်ရာ အရာရှိများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တရုတ် ရုပ်ရှင်ဇာတ်ကား အား လာရောက်ကြည့်ရှုကြသည့် ပြည်သူလူထု များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် ရုပ်ရှင်ပွဲတော် ကို ယခင် နှစ် အောက်တိုဘာ လပိုင်း တွင် မြန်မာ နိုင်ငံ တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ ဘာသာစကား ဖြင့် အသံသွင်းထားသည့် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား အား မြန်မာ နိုင်ငံ တွင် ပထမဦးဆုံး စတင် ပြသ နိုင်ခဲ့ကြောင်း ၊ ယခု နှစ်တွင်လည်း မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် တရုတ် ရုပ်ရှင်ပွဲတော် ကို ထပ်မံ ကျင်းပ ပြုလုပ်ပေးခဲ့ပြီး တရုတ် နိုင်ငံ မှ ထူးချွန်ကောင်းမွန်သည့် ဇာတ်ကားများကို မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ ကြည့်ရှု နိုင်ရန် အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း ၊ ဆက်လက်၍လည်း နှစ်နိုင်ငံ ရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ချစ်ကြည်ရေး ကို တိုးမြှင့် နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ထာဝရ တည်တံခိုင်မြဲစေရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် ဇာတ်လမ်းတွဲများ နှင့် တရုတ် ရုပ်ရှင်ဇာတ်ကား များအား မြန်မာ နိုင်ငံ ပြည်သူလူထု တို့က နှစ်သက်အားပေး ခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ရုပ်ရှင်ကဏ္ဍ ၌ နည်းပညာ နှင့် ပစ္စည်း ကိရိယာ များအား အဆင့်မြင့်မြင့် ရိုက်ကူးလာနိုင်ခဲ့သည့် အတွက် ရုပ်ရှင်ကားများမှာလည်း လွန်စွာ ကောင်းမွန်ကြောင်း ၊ တရုတ် ရုပ်ရှင် ဇာတ်ကားများအား ကြည့်ရှုခြင်းအားဖြင့် တရုတ် စာပေယဉ်ကျေးမှု နှင့် သမိုင်းအစဉ်အလာ များကို သိရှိ နိုင်သည့် အပြင် နှစ်နိုင်ငံအကြား နားလည်မှု ကို ပိုမို တိုးတက်လာနိုင်စေမည် ဖြစ်ကြောင်း ၊ တရုတ် မြန်မာ နှစ်နိုင်ငံ သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံ အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ထားရှိခြင်းအားဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်လာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တရုတ် ရုပ်ရှင်ပွဲတော် အား လာရောက်ကြည့်ရှုသည့် ဒေါ်ချယ်ရီဆွေ က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် မိမိ အနေဖြင့် တရုတ် နိုင်ငံ ယဉ်ကျေးမှု အပေါ် စိတ်ဝင်စားပြီး ရုပ်ရှင်ပွဲတော် လာရောက်ကြည့်ရှုခြင်းအားဖြင့် နားလည်းမှု ကို တိုးမြှင့်စေနိုင်ခဲ့ကြောင်း ၊ ရုပ်ရှင်ဇာတ်ကား များမှာလည်း မြန်မာဘာသာ စကားဖြင့် အသံသွင်းထားသောကြောင့် ပိုမိုနားလည်သိရှိနိုင်ကြောင်း ၊ ဆက်လက်၍ ရုပ်ရှင်ပွဲတော်များကို ကျင်းပသွားစေလိုပြီး ရုပ်ရှင်ပွဲတော်မှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု၌ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက် အထိ ပြသသွားမည် ဖြစ်ပြီး တရုတ် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည့် Xuan Zang ၊ Kung Fu Yoga ၊ Detective China Town နှင့် Go away Mr.Tumor တို့ကို မြန်မာ နောက်ခံ စကားပြောဖြင့် အခမဲ့ တင်ဆက်ပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117