Connect with us

Culture

နှစ်သစ်အား ချစ်ကြည်ရေး ဂီတပွဲတော် ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ အတူတကွ စည်ကားသိုက်မြိုက် စွာ ကြိုဆို

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နှစ်သစ် အား ကြိုဆိုသော အားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ အတူတကွ ပူးပေါင်း၍ ဒီဇင်ဘာ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ ၌ “မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” အား စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမြတ်သူရ ၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ လွှတ်တော် ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံး များမှ ကိုယ်စားလှယ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

ဂီတပွဲတော် အတွင်း နှစ်နိုင်ငံ မှ အနုပညာရှင်များ က အဆို ၊ အက နှင့် အတီး စသည့် ဖျော်ဖြေမှုများ ဖြင့် ရသစုံလင်စွာ ဖျော်ဖြေပေး ခဲ့ပြီး နှစ်နိုင်ငံ ပရိသတ် တို့၏ တစ်ခဲနက် အားပေးမှု ကို ရရှိနိုင်ခဲ့သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ ရိုးရာ တူရိယာ များဖြင့် တီးခတ် မှုများ ၊ နှစ်နိုင်ငံ ဂန္တဝင် တေးသီချင်း များ အား အနုပညာရှင်များ မှ သီဆိုမှုများ ၊ နှစ်နိုင်ငံ ရိုးရာ ပြဇာတ် အက များ နှင့် နှစ်နိုင်ငံ အနုပညာများ အတူတကွ ပူးပေါင်း ၍ တင်ဆက်သည့် အနုပညာများ ကို ရသ စုံလင်စွာ ဖြင့် တင်ဆက် ခဲ့ကြသည်။

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” ကျင်းပ နေစဉ် (ဆင်ဟွာ)

ဂီတပွဲတော်တွင် ပါဝင် တင်ဆက် ခဲ့သည့် မြန်မာ နိုင်ငံ စန္ဒယား ပညာရှင် ဒေါက်တာ အန်ဒရူးကွန်း (Dr.Andrew Kong) က ယခု ကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ပွဲတော် တွင် ပါဝင်ခွင့် ရရှိခဲ့သည့် အတွက် အလွန်ဝမ်းသာ ပီတိ ဂုဏ်ယူမိကြောင်း ၊ မြန်မာ နိုင်ငံ အား ကိုယ်စားပြုသည့် အနုပညာများအား တရုတ် နိုင်ငံ ပရိသတ်များ ကို တင်ဆက်ပြသ နိုင်ခဲ့သည့် အတွက် အလွန် ပီတိ ဖြစ်မိကြောင်း ၊ ဂီတပွဲ ကျင်းပခြင်း မှ တစ်ဆင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ညီအကိုများ ဆုံဆည်းခွင့် ရရှိခဲ့သည့် အတွက် အလွန်ဝမ်းသာ မိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ စန္ဒယား ပညာရှင် ဝမ်းရန် (Wang Yan) က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် ညီအကို များ ဖြစ်ကြပြီး ယခု ကျင်းပ ပြုလုပ်သည့် ဂီတပွဲတော် မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ က ထာဝရ ဆွေးမျိုးပေါက်ဖော် ညီအကိုများ ဖြစ်ကြသည် ကို ခံစားစေမိလိုကြောင်း ပြောကြား ခဲ့သည်။

ယခုအကြိမ် ကျင်းပ ပြုလုပ်သည့် “မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ်သစ် တေးဂီတပွဲတော်” အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တို့မှ ဦးစီး ကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ မှ အနုပညာရှင်များ ၊ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ က အတူတကွ ပါဝင် ဖျော်ဖြေတင်ဆက်ပေး ခဲ့ကြသည်။(Xinhua)