Connect with us

Economy

“ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း သည် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများကို အကျိုးပြု သွားနိုင်မည် ဖြစ်ကြောင်း မြန်မာ သံအမတ်ကြီး ပြောကြား

တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ချန်း ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဌာန မှ ကြီးမှူး ကျင်းပသည့် “တရုတ် နိုင်ငံရှိ ပြည်ပ သံအမတ်များ နှင့် တရုတ် နိုင်ငံ ယဉ်ကျေးမှုပွဲ ” အား ယခုအခါ ကျန်းရှီး တွင် ကျင်းပလျက် ရှိသည်။ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ဆင်ဟွာ သတင်း ဌာန က တွေ့ဆုံ မေးမြန်းခဲ့ရာတွင် တရုတ် နိုင်ငံ ၏ “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း သည် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများကို အကျိုးပြုသွားနိုင်မည် ဖြစ်ပြီး မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှု များအား ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

ဦးသစ်လင်းအုန်း က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေချင်း ထိစပ်နေသော သမိုင်းကြောင်း ယဉ်ကျေးမှု အနီးကပ် ဆက်စပ် နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား တွင်လည်း အစဉ်အလာ ရှိသည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး တည်ရှိကြောင်း ၊ ယခု နှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့မှု ၆၅ နှစ်ပြည့် သော နှစ်ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ ဖော်ဆောင်ခဲ့သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးသည် လက်ရှိချိန်ထိ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အတွက် တွန်းအားပေး နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့် အထိ တိုးမြှင့် နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မှာ လည်း အကောင်းဆုံး အခြေအနေ သို့ ရောက်ရှိ နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ဦးသစ်လင်းအုန်းက မြန်မာ နိုင်ငံ သည် ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွင် ပြည်ပ မှ အရင်းအနှီး နှင့် နည်းပညာ ထောက်ပံ့မှု များ လိုအပ်ကြောင်း ၊ ၂၀၁၁ ခုနှစ် မှ စတင်၍ မြန်မာ နိုင်ငံ မှ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များ အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ဈေးကွက် ပွင့်လင်းမှု ရရှိရန် ကိုလည်း တွန်းအားပေး ဆောင်ရွက် ခဲ့ကြောင်း ၊ ရင်းနှီးမြှုပ်နှံသူ များ၏ အကျိုးစီးပွား ကို ကာကွယ် ရန် အတွက်လည်း မြန်မာ နိုင်ငံ အစိုးရ က ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ တစ်ရပ်အား ထုတ်ပြန် ခဲ့ပြီး ပြည်ပ မှ လာရောက် ရင်းနှီးမြှုပ်နှံသူ များအား အားပေး ခဲ့ကြောင်း ၊ ဤသည်မှာ မြန်မာ နိုင်ငံ သို့လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် အခွင့်အရေး ကောင်း ဖြစ်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဦးသစ်လင်းအုန်းက နိုင်ငံ အားလုံးသည် မိမိ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မှ တစ်ဆင့် လူနေမှု အဆင့်အတန်းကို မြှင့်တင် လျက်ရှိကြောင်း ၊ တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် အလွန်ကောင်းမွန်သည့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် စီမံကိန်း ကြီး ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နှင့် အခြား လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များသည် ယင်းစီမံကိန်း မှ တစ်ဆင့် အကျိုးခံစား ကြရမည် ဖြစ်ပြီး ဤသည် မှာလည်း တရုတ် နိုင်ငံ မှ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တွန်းအားပေး ဆောင်ရွက်သည့် ရည်ရွယ်ချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)