Connect with us

Economy

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉ ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထပ်မံ ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉ ခုအား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၂,၇၁၉.၆၆ သန်းနှင့် အမေရိကန် ဒေါ်လာ ၆၂.၅၇၉ သန်း ရင်းနှီးမြှုပ်နှံရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၅/၂၀၁၆)ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ယနေ့သြဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုမှာ စက်မှုကဏ္ဍတွင် လုပ်ငန်း ၂ ခု ၊ ဟိုတယ်ကဏ္ဍတွင် လုပ်ငန်း ၁ ခုနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍတွင် လုပ်ငန်း ၁ ခု တို့ဖြစ်ပြီး လုပ်ငန်း ၄ ခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၄၂.၀၇၇ သန်းဖြင့် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုမှာ မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍတွင် လုပ်ငန်း ၁ ခု ၊ ဟိုတယ် ကဏ္ဍတွင် လုပ်ငန်း ၁ ခု ၊ လျှပ်စစ် ဓာတ်အား ကဏ္ဍတွင် လုပ်ငန်း ၁ ခု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍတွင် လုပ်ငန်း ၁ ခုနှင့် အခြား ဝန်ဆောင်မှု ကဏ္ဍတွင် လုပ်ငန်း ၁ ခုဖြင့် လုပ်ငန်း ၅ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀.၅၀၂ သန်း နှင့် ကျပ်သန်းပေါင်း ၃၂,၇၁၉.၆၆ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ယခု အစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၆၆.၂၃၃ သန်း ဖြစ်ကြောင်း သိရသည်။ထို့အတူ ၁၉၈၉ ခုနှစ်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၅/၂၀၁၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပခဲ့သည် အထိ မြန်မာနိုင်ငံသို့စီးဝင်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း ၁,၁၂၅ ခုတွင် အမေရိကန် ဒေါ်လာ ၆၃,၈၈၄.၈၀၇ သန်း ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117