Connect with us

Economy

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာ နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်မှုတွင် အရေးပါလာမည်

ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းရှိ ရေနံပိုက်လိုင်းလုပ်ငန်း အကောင်အထည် ဖော်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် အရှိန်အဟုန်ဖြင့် ကြီးထွား လာမည်ဖြစ်ပြီး ကျောက်ဖြူ ရေနက်-ဆိပ်ကမ်း သည် အာဆီယံ ဒေသတွင်း နိုင်ငံများ၊ တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဥရောပ နိုင်ငံများ အထိ ဆက်သွယ်နိုင်မည်ဖြစ် ကြောင်း ပါရမီ စွမ်းအင်အုပ်စုမှ အဆင့်မြင့် အကြံပေးအရာရှိ ဦးတင်ချိုက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ အတွက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက်သာမက၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး ကွန်ယက်များနှင့် ပေါင်းစည်း နိုင်ရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနှင့် မဟာဗျူဟာကျသော အနေအထားကို ပိုမိုအားမြှင့်ပေးစေနိုင်ခြင်း၊ မြန်မာ့စီးပွားရေးတစ်ခု လုံးကို အသွင်ပြောင်းလဲ သွားစေနိုင်သော အဓိကစီးပွါးရေး အကျိုးအမြတ်များ ရရှိနိုင်စေခြင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်ပြီး အနာဂတ်တွင် ကျောက်ဖြူဒေသ ဝန်းကျင်သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတက်မှု၏ အခြေခံ မဏ္ဍိုင်သဖွယ် ဖြစ်လာမည် ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန် ခဲ့သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၌ Mother Vessels, Carriers, Super Tankers အစရှိသည့် ရေယာဉ်များ ဆိုက်ကပ်နိုင်မည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆက်သွယ်ထားသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများ နှင့်၊ မြန်မာနိုင်ငံ ပါဝင်ပြီးဖြစ်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီမှု စာချုပ်များရှိကြောင်းသိရသည်။

အရေးပါသည့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်များမှာ BIMSTEC အဖွဲ့တွင်ပါဝင်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံများ ၊ အိန္ဒိယ ၊ မြန်မာ၊ တရုတ်၊ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်တကောင်း၊ မဒရပ်(စ်)၊ ကလကတ္တား၊ သီရိလင်္ကာ တို့တွင် အဓိက ဆိပ်ကမ်းများ ဖွံ့ဖြိုးလာစေရေး၊ ကုလားတန်မြစ် စီးပွားရေးစြင်္ကန်လမ်း၊ အာဆီယံနှင့် တရုတ်နိုင်ငံ သဘောတူညီချက်၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံ သဘောတူညီချက်များဖြစ်သည်။

ကျောက်ဖြူသည် တရုတ၊် အိန္ဒိယနိုင်ငံများနှင့် အဓိက အချိတ်အဆက်ဖြစ်ပြီး ၊ ထိုနှစ်နိုင်ငံပေါင်း လူဦးရေမှာ (၃) ဘီယီယံခန့်ရှိကာ အဆိုပါ နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဖြတ်၍ ပင်လယ် ရေကြောင်း ကုန်သွယ်မှု ပြုနိုင်သည့် အနေအထားရှိသည်။

အီတလီနိုင်ငံ မီလန်မြို့တွင် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် မီကိုကွန်ဖရင့် စင်တာ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အာရှ -ဥရောပထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် “မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် ဥရောပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါတယ်’’ဟု ပြောကြားခဲ့သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် မြန်မာနိုင်ငံ အစိုးရမှ Developer လုပ်ပိုင်ခွင့်ပေးမည့် ကုမ္ပဏီကို ဖေဖော်ဝါရီလ အတွင်း၌ ရွေးချယ်သွားမည်ဟုဆိုသည်။ (Xinhua)