Connect with us

Economy

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲ ရန်ကုန်မြို့တွင် ကျင်းပ

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို  ယနေ့(နိုဝင်ဘာ ၂၂ ရက်)တွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးရာ ဦးစီးဌာန၊နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ Sub-Council of Chemical Industryတို့မှတာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြပွဲအဖွင့်အမှာစကားပြောကြားရာတွင်  တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးရာ ဦးစီးဌာနမှ  Mrs. Zhangjingက ယခုနှစ်ပိုင်းများအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ ၊ စီးပွားရေးစင်္ကြံအတူလက်တွဲ တည်ဆောက်မှုများသည် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပထမအကြီးဆုံးရင်းနှီးမြုပ်နှံမှုနိုင်ငံဖြစ်သလို အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် ပို့ကုန်အများဆုံး တင်သွင်းသည့် ဈေးကွက်လည်းဖြစ်ကြောင်း ၊ လယ်ယာကဏ္ဍပူးပေါင်းဖလှယ်မှုများကို တရုတ်နိုင်ငံက အလေးထားရာ  ယခု ပြပွဲမှာ တရုတ်-မြန်မာ စိုက်ပျိုးရေးနှင့်လယ်ယာစက်ပစ္စည်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးရာ ဦးစီးဌာနမှ  Mrs. Zhangjingက အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ထွန်းမှ အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟံထွန်းကလည်း  ရန်ကုန်တိုင်းဒေသ စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်ပစ္စည်းများကို အသုံးပြုနေကြပြီဖြစ်ရာ စက်ရုံအလုပ်ရုံပေါများလာ

ခြင်းနှင့်အခြားလုပ်ငန်းများကို လုပ်ကိုင်သူများ ပေါများနေသောကြောင့် လယ်ယာမြေတွင် လုပ်သားအင်အားနည်းနေရကြောင်း ၊ နိုင်ငံတကာသို့ဆန်စပါးတင်ပို့နိုင်ရန် လက်ရှိစပါးထွက်နှုန်းထက်တိုးအောင်ဆောင်ရွက်ရာတွင်  စက်မှုလယ်ယာကဏ္ဍကို တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့  စိုက်ပျိုးရေးလုပ်ငန်း အထောက်ကူပြုမည့်စက်ပစ္စည်းများ လာရောက်ပြသခြင်းသည်  ရန်ကုန်တိုင်းဒေသကြီးတွင်သာမကာ တစ်နိုင်ငံလုံးရှိသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် တောင်သူများအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ အထူးပင်ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ 

China Agritech and Engineering Machinery Brand Show(Myanmar) ၂၀၁၉ ပြပွဲ သည် စုစုပေါင်း ၃၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး ပြခန်းပေါင်း ၇၆ ခုပါဝင်ရာ တရုတ်နိုင်ငံ ဆန်းတုန်း၊ ယူနန်၊ ကွမ်တုန်း၊ ကျဲ့ကျန်းစသည့် ပြည်နယ်များမှ ကုမ္ပဏီလုပ်ငန်းပေါင်း ၄၈ ခုပါဝင်ပြသခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါပြပွဲကို နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ ပြပွဲကာလဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.