Connect with us

Sino-Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ် အထိမ်းအမှတ် တရုတ်-မြန်မာ ချစ်ကြည်ရေးအမျိုးသားအလွတ်တန်းစားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ် နွေဦးပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသားအလွတ်တန်း
စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲသည် ၂၀၂၄ ခုနှစ် နဂါးနှစ် အထိမ်းအမှတ်အဖြစ်ကျင်းပသော ပြိုင်ပွဲဖြစ်ကြောင်း မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ဆိုသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသားအလွတ်တန်း စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ရန်ကုန်မြို့ ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း (၁) ၌ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲတွင် ကစားသမားစုစုပေါင်း ၁၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအား နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည် စားပွဲတင်တင်းနစ်ကို လူအများစိတ်ဝင်စားမှု ပိုမိုရှိလာပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

လူငယ်ကစားသမားများသည် ကျွမ်းကျင်သော နိုင်ငံ့အားကစားသမားများ၏ ကစားဟန်နှင့် နည်းစနစ်ကောင်းများကို လူငယ်ကစားသမားများလေ့လာသိရှိလာစေရန်ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117