Connect with us

Politics

တရုတ် နိုင်ငံ ရှီးအန်း မြို့ နှင့် ရန်ကုန် မြို့ အပြန်အလှန် တိုက်ရိုက် ပျံသန်း သည့် လေကြောင်း ခရီးစဉ်သစ် စတင် ပျံသန်း


ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Sichuan Airlines အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုမ္ပဏီ က နိုဝင်ဘာ ၁၃ ရက် တွင် ရှီးအန်း-ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ် ကို စတင်ပျံသန်း ခဲ့ပြီး ရှီးအန်း မြို့ မှ ရန်ကုန် မြို့ သို့ နံနက်ပိုင်း ၁၀ နာရီ ၅၀ မိနစ် အချိန်ခန့် တွင် လေယာဉ်စတင် ရောက်ရှိလာ ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်း အချိန်၌ ခရီးစဉ်သစ် စတင် ပြေးဆွဲပျံသန်းခြင်း နှင့် ပတ်သက်၍ အထိမ်အမှတ် အခမ်းအနား တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး Sichuan Airlines ကုမ္ပဏီ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ တာဝန်ရှိ ပုဂ္ဂိုလ်များ က တက်ရောက် ခဲ့ကြသည်။

Sichuan Airlines လေယာဉ် ဖြင့် တရုတ် နိုင်ငံ ရှီးအန်း မြို့ မှ ရန်ကုန် မြို့ သို့ ရောက်ရှိလာသော ခရီးသည်များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-YACL)

Sichuan Airlines လေယာဉ် ဖြင့် တရုတ် နိုင်ငံ ရှီးအန်း မြို့ မှ ရန်ကုန် မြို့ သို့ ရောက်ရှိလာသော ခရီးသည်များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-YACL)

ရှီးအန်း-ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲပျံသန်းခြင်း အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရှီးအန်း-ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲပျံသန်းခြင်း အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

Yangon Aerodrome Company Limited (YACL) ၏ Chief Operating Officer ဖြစ်သူ Mr. Jose Angeja က မြန်မာ နိုင်ငံ ၏ စီးပွားရေး အချက်အချာ ဖြစ်သည့် ရန်ကုန် မြို့ နှင့် တရုတ် နိုင်ငံ ၏ ထင်ရှားကျော်ကြား သည် ရှေးဟောင်း မြို့တော် ဖြစ်သော ရှီးအန်း မြို့ တို့ အား ထပ်မံ ဆက်သွယ်ပေး နိုင်ခဲ့သည့် အတွက် ခရီးသွား လုပ်ငန်း နှင့် စီးပွားရေး လုပ်ငန်း များအား ပိုမို တိုးချဲ့ ဆောင်ရွက် နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ် ခြင်း နှင့် အခြားကဏ္ဍ များ အတွက် အခွင့်အလမ်း များလည်း ပိုမို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Sichuan Airlines ကုမ္ပဏီ က ရှီးအန်း-ရန်ကုန် တိုက်ရိုက် အပြန်အလှန် လေကြောင်း ခရီးစဉ် ကို တစ်ပတ်လျှင် အင်္ဂါ ၊ ကြာသပတေး နှင့် စနေ နေ့များတွင် ပြေးဆွဲပျံသန်းသွားမည် ဖြစ်ပြီး ခရီးသည်ပေါင်း ၁၆၃ ဦး လိုက်ပါ နိုင်သည့် Airbus A320 အမျိုးအစား လေယာဉ်ဖြင့် ပျံသန်း သွားမည် ဖြစ်ကြောင်း ၊ ရန်ကုန်-ရှီးအန်း ခရီးစဉ် အား အမေရိကန် ဒေါ်လာ ၁၂၀ (အခွန်မပါ) နှင့် ရန်ကုန်- ရှီးအန်း အသွားအပြန် ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာ ၁၇၀ (အခွန်မပါ) တို့ဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ Sichuan Airlines ကုမ္ပဏီ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ပူးပေါင်း ဆောင်ရွက်သည့် ၃၁ ခု မြောက် လေကြောင်း ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ခရီးစဉ်သစ် က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ၂၉ ခုမြောက် အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.