Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ ပထမ ဦးဆုံးအကြိမ် ရေကြောင်းပူးပေါင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ပြန်လည်ထွက်ခွာခြင်းကို ပို့ဆောင် နှုတ်ဆက်နေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ က အရာရှိများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ချစ်ကြည်ရေး ခရီးစဉ် သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မေလ ၂၁ ရက် ၊ နေ့လည် ၁၁ နာရီ အချိန်တွင် သီလဝါ ဆိပ်ကမ်း မှ ပြန်လည် ထွက်ခွာ သွားခဲ့ရာ ညနေပိုင်းအချိန်တွင် မုတ္တမ ပင်လယ်ကွေ့ ၌ မြန်မာ့ တပ်မတော်(ရေ) နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

သီလဝါ ဆိပ်ကမ်း သို့ မြန်မာ့တပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး နှင့် တပ်မတော် အရာရှိကြီးများ ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ စစ်သံမှူး ရှုန်းဆောင်ဝေ (Xiong Shaowei) ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် စုစုပေါင်း လူဦးရေ ၄၀၀ ကျော်မှ သီလဝါ ဆိပ်ကမ်း တွင် တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သွားရောက် ပို့ဆောင် နှုတ်ဆက် ခဲ့ကြသည်။

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ တပ်ဖွဲ့များ ပြန်လည် ထွက်ခွာရန် နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ၏ တပ်မှူး ဗိုလ်ချုပ် စိန်ဟောက် (Shen Hao) သည် မြန်မာ နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် အစိုးရ အဖွဲ့ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံ ခဲ့ကြောင်း ၊ ရေယာဉ်စု ၏ စည်းကမ်း စစ်ဆေးရေး ကော်မရှင် ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီး ရွှီဖိန် (Xu Ping) ဦးဆောင်သော ဖျော်ဖြေနှစ်သိမ့်ရေး အဖွဲ့သည် သန်လျင် လူငယ် သင်တန်းကျောင်း သို့သွားရောက် ခဲ့ပြီး ကလေးငယ်များအား ဖျော်ဖြေနှစ်သိမ့် ပေးခဲ့ကြကာ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အရာရှိများ ၊ တပ်မတော် အရာရှိများ နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ စစ်သံမှူး အချို့ တို့သည် တရုတ် နိုင်ငံ ရေတပ် သင်္ဘောပေါ်တွင် တည်ခင်း ဧည့်ခံခဲ့သည့် ဧည့်ခံပွဲ ကို တက်ရောက် ခဲ့ကြကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရေတပ် တပ်ဖွဲ့ဝင် တို့မှလည်း အပြည်အလှန် လည်ပတ်ဆွေးနွေးခြင်း နှင့် ချစ်ကြည်ရေး ဘောလုံးပွဲ ကစားခြင်း တို့ကို ပြုလုပ်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ Chang Chun နှင့် Jing Zhou စစ်သင်္ဘော တို့အား လာရောက်လည်ပတ်ရန် ဖွင့်လှစ်ပေးထားခဲ့ပြီး လူပေါင်း ၂ ထောင်ကျော် သင်္ဘောပေါ်သို့ တက်ရောက်ကာ လည်ပတ်ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ စစ်သင်္ဘော အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေသစံတော်ချိန် နေ့လည် ၂ နာရီ တွင် စတင်ပြုလုပ်ခဲ့သည့် စစ်ရေးပူးပေါင်း လေ့ကျင့်မှု တွင် နှစ်နိုင်ငံ ရေတပ် စစ်သင်္ဘော တို့မှ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း သတ်မှတ်တည်နေရာတွင် စုစည်းခြင်း ၊ ရေယာဉ်စု အကြား ဆက်သွယ်ခြင်း နှင့် သတင်းပေးပို့ခြင်း ၊ ရေယာဉ်စု အကြား လှုပ်ရှားမှု ၊ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေး နှင့် လမ်းကြောင်း ခွဲမောင်းနှင်ခြင်း ပုံစံ စသည့် တို့ပါဝင် ခဲ့ပြီး ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ့တပ်မတော်(ရေ)မှ ဖရီးဂိတ်စစ်သင်္ဘောကြီး အောင်ဇေယျ (F-11) နှင့် ကော်ဗက်သင်္ဘော အနော်ရထာ (771) တို့ပါဝင်ခဲ့ကြသည်။

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ စစ်သင်္ဘော အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

စစ်ရေး လေ့ကျင့်မှု စတင်ချိန်တွင် Chang Chun စစ်သင်္ဘော နှင့် အောင်ဇေယျ စစ်သင်္ဘော မှတစ်ဖွဲ့ ၊ Jing Zhou စစ်သင်္ဘော နှင့် အနော်ရထာ စစ်သင်္ဘော မှ တစ်ဖွဲ့ ဖွဲ့စည်းကာ သတင်းအချက်အလက် ပေးပို့မှုပိုင်းဆိုင်ရာ များကို လေ့ကျင့်ပြုလုပ်ခဲ့ပြီး ရေယာဉ်စု ဖွဲ့စည်းမှု ဆိုင်ရာ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ကြသည်။

တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ၏ တပ်မှူး ဗိုလ်ချုပ် စိန်ဟောက် (Shen Hao) မှ လာရောက်ပို့ဆောင်ပေးသူများအား လိုက်လံ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

စစ်ရေးလေ့ကျင့်မှု တွင် Chang Chun စစ်သင်္ဘော မှ ကွပ်ကဲ၍ စစ်သင်္ဘောအကြား အကွာအဝေး နှင့် အမြန်နှုန်း ပြောင်းလဲသတ်မှတ်ခြင်း ဆိုင်ရာ ညွှန်ကြားမှု ကို ပြောကြားခဲ့ချိန်တွင် ကျန် စစ်သင်္ဘော ၃ စင်းမှ လျင်မြန်စွာ ပြောင်းလဲ နိုင်ခဲ့ခြင်း ရေယာဉ်စု ဖွဲ့စည်းမှု ပုံစံ အမျိုးမျိုးကိုလည်း လေ့ကျင့် ခဲ့ကြသည်။ ထို့နောက် ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် ရှာဖွေကယ်ဆယ်မှု ဆိုင်ရာ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ရာတွင်လည်း သတ်မှတ် တည်နေရာ သို့လျင်မြန်စွာ သွားရောက်ကာ ကယ်ဆယ်မှု လုပ်ငန်းကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ကြောင်း သိရှိရသည်။

အချိန် ၃ နာရီကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှု အပြီးတွင် တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ၏ ဦးစီးချုပ် ချိန်သယ်နန် (Chen Denan) က စစ်သင်္ဘောများ ပြန်လည် ခွဲထွက်ခြင်း အခမ်းအနား ကို ကြေညာခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရေတပ် စစ်ရေးပူးပေါင်းလေ့ကျင့်မှု အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

မြန်မာ့ တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင် က သတင်းမီဒီယာ များ၏ မေးမြန်းမှု ကို လက်ခံဖြေကြားခဲ့ရာတွင် တရုတ် နိုင်ငံ ရေတပ် ရေယာဉ်စု တပ်ဖွဲ့၏ ယခု အကြိမ် မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အတွက် လွန်စွာအရေးပါပြီး ယခုအကြိမ် ခရီးစဉ် သည် နှစ်နိုင်ငံ ရိုးရာချစ်ကြည်ရေး ကို ပိုမိုနက်ရှိုင်းစေမည့်အပြင် အပြန်အလှန် နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်နိုင်ခဲ့ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ၏ တပ်မှူး ဗိုလ်ချုပ် စိန်ဟောက် က မီဒီယာ များအား ယခုအကြိမ် ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ရေတပ် မှ ပထမ ဦးဆုံး အကြိမ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး နှစ်နိုင်ငံ ရေတပ် အနေဖြင့် သတင်းအချက်အလက် ပေးပို့ ညွှန်ကြားခြင်း ၊ ရေယာဉ်စု လုပ်ရှားမှု ဆိုင်ရာ နှင့် ပူးပေါင်း ရှာဖွေကယ်ဆယ်ရေး စသည့် စစ်သင်္ဘော လေ့ကျင့်မှု ပိုင်းဆိုင်ရာများကို ဆောင်ရွက်နိုင်ခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ ရေတပ် ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ပိုင်းဆိုင်ရာ ကိုလည်း မြှင့်တင် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က သတင်းမီဒီယာ များ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ယခု အကြိမ် ချစ်ကြည်ရေး အလည်ပတ် ခရီးစဉ်သည် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြား ချစ်ကြည်ဆက်ဆံရေး ကို ပိုမို တိုးမြှင့် နိုင်ခဲ့ပြီး နှစ်နိုင်ငံ အကြားချစ်ကြည်ရေး ကိုလည်း တိုးမြှင့်နိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ကို တည်ဆောက်ထားရှိခဲ့ပြီး ယခုအကြိမ် တွင် နှစ်နိုင်ငံ ရေတပ် မှ ပထမ ဦးဆုံး အကြိမ် ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းသည် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို ပိုမို မြင့်မားသည့် အဆင့်တစ်ခု သို့ရောက်ရှိခဲ့သည်ကို ဖော်ပြ နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)