Connect with us

Politics

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ နှင့် တရုတ်နိုင်ငံမှ ပညာရှင်များ နှီးနှော ဖလှယ်

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ နှင့် တရုတ်နိုင်ငံမှ ပညာရှင်များအား ဟောပြောပွဲတွင် တွေ့ ရစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

နေပြည်တော် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ် လူမှုသိပ္ပံ အကယ်ဒမီ (Chinese Academy of Social Sciences) နိုင်ငံရေး သိပ္ပံ သုတေသန ဌာန ဌာနမှူး Fang Ning နှင့် တရုတ် လူမှု သိပ္ပံ အကယ်ဒမီ အာရှ ပစိဖိတ် နှင့် ကမ္ဘာလုံး ဆိုင်ရာ မဟာ ဗျူဟာ သုတေသန ဌာန၏ ဦးဆောင်သုတေသီ Xu Liping တို့သည် ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တွေ့ဆုံပြီး ဟောပြောပွဲ တစ်ရပ်အား ကျင်းပခဲ့ကြောင်း သိရသည်။

ထိုဟောပြောပွဲတွင် “ညှိနှိုင်းဒီမိုကရေစီနှင့် တရုတ်ဝိသေသလက္ခဏာဆောင်သော ဒီမိုကရေစီ နိုင်ငံရေး” နှင့် “အင်ဒိုနီးရှား နိုင်ငံ ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လမ်းစ” တို့နှင့် စပ်လျဉ်း၍ ဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် တရုတ်နိုင်ငံမှ ပညာရှင်များ တွေ့ဆုံ ခဲ့ရာတွင် တရုတ် ပညာရှင်များ၏ ဟောပြောသည့် အကြောင်းအရာ များမှာ လွန်စွာ စိတ်ဝင် စားဖွယ် ကောင်းကြောင်း၊ ထိုကဲ့သို့ ဟောပြော သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ယင်းမှာ နှစ်နိုင်ငံ ပြည်သူ အကြား ကူးလူးဆက်ဆံရေးအတွက် အကျိုး ဖြစ်ထွန်း စေကြောင်း ဦးထွန်းထွန်းဟိန်က ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြုလုပ်သော ဟောပြောပွဲတွင် တရုတ်နိုင်ငံမှ ပညာရှင်များက ဟောပြောနေစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြုလုပ်သော ဟောပြောပွဲတွင် တရုတ်နိုင်ငံမှ ပညာရှင်များက ဟောပြောနေစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြုလုပ်သော ဟောပြောပွဲသို့တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြုလုပ်သော ဟောပြောပွဲ မြင်ကွင်း(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြုလုပ်သော ဟောပြောပွဲ မြင်ကွင်း(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် တရုတ်နိုင်ငံမှ ပညာရှင်များ တွေ့ဆုံစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ နှင့် တရုတ်နိုင်ငံမှ ပညာရှင်များအား တွေ့ရစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

တရုတ်နိုင်ငံမှ ပညာရှင်များက တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ခင် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံသည် နိုင်ငံတကာစာမျက်နှာ၌ အပြန်အလှန် ဖေးမ ကူညီလျက် ရှိကြောင်း ၊ ယခု အစီအစဉ်ကို တရုတ်နိုင်ငံ သုတေသီမှ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်၌ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အစီအစဉ်များ ကျင်းပခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကြား သိကျွမ်း နားလည်မှုကို ပိုမို နက်ရှိုင်း လာစေပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို တိုးတက် စေကြောင်း ပြောကြား ခဲ့သည်။

ယခုအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် မြန်မာသုတေသနဌာနမှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)