Connect with us

Politics

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲ ကျင်းပ

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲနောက်ဆုံး အဆင့်ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ယဉ်ကျေးမှု အခြေအနေများ ပိုမို သိရှိနားလည်စေရေး အတွက် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲ နောက်ဆုံး အဆင့်ကို ယနေ့ဇွန်လ ၈ ရက်တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲတွင် ရန်ကုန်မြို့ရှိ တရုတ်စာ သင်တန်းကျောင်းများမှ ကျောင်းသား/သူများ ၊ နိုင်ငံခြားဘာသာ တက္ကသိုလ် ၊ တရုတ်ဘာသာ ဌာနတွင် သင်ကြားနေသော ကျောင်းသား/သူများ နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြား နေသည့် တရုတ်လူမျိုး ကျောင်းသား/သူများ စုစုပေါင်း ၂၄ ဦး ပါဝင်သည့် အဖွဲ့၆ ဖွဲ့မှ ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲနောက်ဆုံး အဆင့်ကျင်းပစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲအခမ်းအနား အပြီးတွင် ပြိုင်ပွဲဝင်များနှင့် တရုတ်သံတမန် အရာရှိများ အမှတ်တရ ဓာတ်ပုံရိုက်နေကြစဉ် (ဆင်ဟွာ)

ပြိုင်ပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ၊ ယဉ်ကျေးမှု သမိုင်းကြောင်း ဆိုင်ရာများအား မေးမြန်း ယှဉ်ပြိုင်ခဲ့ရပြီး စုပေါင်း ပြိုင်ပွဲ ၊ အဖွဲ့လိုက် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ပထမဆုအား Fuxing Confucius သင်တန်းကျောင်း အဖွဲ့ ၁ မှလည်းကောင်း ၊ ဒုတိယဆုအား မြန်မာနိုင်ငံရောက် တရုတ်ကျောင်းသား ကျောင်းသူများ အဖွဲ့ ၂ နှင့် မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီး အသင်း အဖွဲ့ ၂ မှ လည်းကောင်း ၊ တတိယဆုအား တရုတ် ကျောင်းသားများ အဖွဲ့ ၁ ၊ Tip Top ပညာရေး စင်တာ ၊ တုံးဖန်း ဘာသာစကားနှင့် စီးပွားရေး စင်တာ ကွန်ဖြူးရှပ် သင်တန်းကျောင်း တုံးဖန်း အဖွဲ့ ၁ မှ လည်းကောင်း ရရှိခဲ့ပြီး နှစ်သိမ့်ဆုများလည်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယခုပြိုင်ပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိက စီစဉ် ကျင်းပခြင်း ဖြစ်ပြီး Fuxing Confucius သင်တန်းကျောင်းမှ ပူးပေါင်း ပါဝင်ခဲ့ပြီး အကြိုပြိုင်ပွဲအား မေလ ၂၉ ရက်တွင် Fuxing Confucius သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ နောက်ဆုံး အဆင့်ကို ယနေ့ဇွန်လ ၈ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှု ဌာန၌ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ် ဗဟုသုတ ပြိုင်ပွဲသည် နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို တိုးမြှင့်စေရေး ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု အပေါ် တွန်းအားပေးသည့် ချစ်ကြည်ရေး ပြိုင်ပွဲ တစ်ရပ် ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုသည် ၁၉၅၀ ခုနှစ် ဇွန်လမှ တရားဝင် စတင်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် ဇွန်လတွင် နှစ်နိုင်ငံ ခင်မင်ရင်းနှီးမှု ဆက်ဆံရေး တည်တံ့ ခိုင်မြဲလာခဲ့သည်မှာ ၆၆ နှစ် ပြည့်မြောက် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.