Connect with us

Politics

ကျောက်ဖြူ ဒေသ ဖွံ့ဖြိုးရေး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး သွားရောက် လေ့လာ

တရုတ်သံအမတ်ကြီး ဦးဆောင်သော အဖွဲ့ က ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း နှင့် တာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကျောက်ဖြူ ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ မြို့နယ် ဒေသ ဖွံဖြိုးရေး အခြေအနေ များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ယနေ့ ဇွန် ၅ ရက်တွင် သွားရောက် လေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူ မြိုနယ်သို့ ရောက်ရှိချိန်တွင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း အပါအဝင် မြို့နယ် တာဝန်ရှိသူများနှင့် ဦးစွာ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု လာရောက်ရခြင်းသည် ကျောက်ဖြူ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လာရောက် လေ့လာခြင်း ဖြစ်ကြောင်း၊ ထိုအတူ ဒေသတွင် စီမံကိန်းများ လုပ်ကိုင်ခွင့်ရထားသည့် တရုတ် ကုမ္ပဏီများ၏ လုပ်ဆောင်မှုများနှင့် ဒေသခံများ၏ အခြေအနေများကို သိရှိလိုသည့် လာရောက်ရခြင်း ဖြစ်ကြောင်း ၊ ကျောက်ဖြူ ဒေသသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အတွက် အရေးပါကြောင်း ၊ ကျောက်ဖြူ ဒေသတွင် တရုတ်ကုမ္ပဏီများသည်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီး ၊ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်နေသည့် စီမံကိန်းများသည် တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ၊ ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီးက ကျောက်ဖြူမြို့နယ်အတွင်း ကျောင်းတစ်ကျောင်း၌ ဗလာစာအုပ်များလှူဒါန်းစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး နှင့် အဖွဲ့ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းသို့ သွားရောက်လေ့လာကြည့်ရှုစဉ် (ဆင်ဟွာ)

တရုတ်သံအမတ်ကြီး နှင့် အဖွဲ့ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းသို့ သွားရောက်လေ့လာကြည့်ရှုစဉ် (ဆင်ဟွာ)
ထို့ပြင် ဒေသ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ၊ စိုက်ပျိုးရေးနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး ၊ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍများကို ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အတူ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေး ဇုန်နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် CITIC Group နှင့် SEAGP/SEAOP ကုမ္ပဏီ မှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် မြန်မာ-တရုတ် ရေနံ ၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီမှ ဆောက်လုပ်ပေးထားသည့် ကျောက်ဖြူ အ.ထ.က(၁)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များ နှင့် အသုံးအဆောင်ထီး တို့ကို ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသူကျောင်းသားများအား ပေးအပ် လှူဒါန်းခဲ့သည်။
ထိုအတူ မြန်မာတစ်နိုင်ငံလုံးတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ကွန်ရက်ကျောင်းများ ဖွဲ့စည်းဆောင်ရွက်လိုပြီး ယခု ကျောက်ဖြူ အ.ထ.က (၁)ကျောင်းကိုလည်း ကွန်ရက်ဝင် ကျောင်းတစ်ကျောင်း အဖြစ် ပါဝင် ဖွဲ့စည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေးအပ် လှူဒါန်းရခြင်း အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ကျောင်းသူကျောင်းသားများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အနာဂတ်ဖြစ်ကြောင်း ၊ ထို့ကြောင့် လူငယ် ကျောင်းသူကျောင်းသားများအား ကောင်းမွန်စွာ ကူညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ထ့ိုနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူ မြို့နယ် အတွင်းရှိ မလတ်ကျွန်း ကျေးရွာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ဒေသခံ ရွာသူရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာ ဖွံ့ဖြိုးမူ အခြေအနေများအား မေးမြန်းလေ့လာခဲ့ပြီး ကျောင်းသုံးစာအုပ်နှင့် အားကစား အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ထ့ိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူဒေသရှိ တရုတ် ကုမ္ပဏီများ ရင်းနှီး မြုပ်နှံမှုများ လုပ်ကိုင် ဆောင်ရွက်နေသည့် စီမံကိန်းနေရာများသို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117