Connect with us

Politics

(၈၈) နှစ်မြောက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ပွဲ အား ရန်ကုန် မြို့တွင် ကျင်းပ

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီး (လယ်)၊ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး(ညာ) နှင့် စစ်သံမှူး Senior Colonel Wang Jinbo နှင့် ဇနီး (ဘယ်) တို့ (၈၈) နှစ်မြောက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ်ပွဲ တွင် အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

(၈၈) နှစ်မြောက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၃၁ ရက်နေ့ ညတွင် ရန်ကုန် မြို့ Novotal Hotel တွင် ကျင်းပ ခဲ့ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် ဇနီး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ဇနီး ၊ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တပ်မတော် အရာရှိများ ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ ၊ စစ်သံမှူးများ ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အခမ်းအနား တက်ရောက် လာသူများအား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်( H.E.Mr. Hong Liang) နှင့် ဇနီး၊ စစ်သံမှူး Senior Colonel Wang Jinbo နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ခဲ့သည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီး (လယ်)၊ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး(ညာ) နှင့် စစ်သံမှူး Senior Colonel Wang Jinbo နှင့် ဇနီး (ဘယ်) တို့ (၈၈) နှစ်မြောက် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်မုန့် လှီးနေစဉ် (ဆင်ဟွာ)

ထို့နောက် နှစ်နိုင်ငံ တပ်မတော် သီချင်း ဖွင့်လှစ် ဂုဏ်ပြုပြီး တက်ရောက်လာကြသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးပို့သော သဝဏ်လွှာကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖတ်ကြားပြီး တရုတ် နိုင်ငံ စစ်သံမှူးသို့ ပေးအပ် ခဲ့သည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း နှင့် အခမ်းအနားတက်ရောက်ကြသူများသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှတ်တမ်း ဗီဒီယို ကို ကြည့်ရှုပြီး တရုတ်နိုင်ငံသံ အမတ်ကြီး နှင့် စစ်သံမှူး တို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။(Xinhua)