Connect with us

Politics

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဌ ကိန်းကျိယွမ် ဦးဆောင်သည့် အဖွဲ့ အား လက်ခံတွေ့ဆုံ

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဌ ကိန်းကျိယွမ် Geng Zhiyuan) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- MCFA)

နေပြည်တော် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဌ ကိန်းကျိယွမ် (Geng Zhiyuan) ဦးဆောင်သည့် အဖွဲ့အား ဇူလိုင်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ လက်ခံ တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံပွဲသို့ မြန်မာ -တရုတ် ချစ်ကြည်ရေး အသင်း အတွင်းရေးမှူး ဦးမျိုးအောင် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံဖြိုးမှု ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော် နှင့် အခြားဝန်ကြီးများ နှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၏ အရပ်ဘက် ကဏ္ဍတွင် မိတ်ဆွေ ဆက်ဆံရေး အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်မှုနှင့် ထိရောက်သည့် ကြိုးစားမှုများ အပေါ် အထူး ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အသင်းမှ ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့် မီးရထားလမ်း စသော စီးပွားရေးနှင့် လူမှုရေး အကျိုးပြု လုပ်ငန်းများ ဆက်လက် ပူးပေါင်း၍ နှစ်နိုင်ငံ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် တွန်းအားပေး နိုင်ရန် ပြောကြား ခဲ့သည်။

သမ္မတ ဦးသိန်းစိန်မှ တွေ့ဆုံပွဲတွင် မစ္စတာ ကိန်းကျိယွမ်သည် ကျွန်တော်တို့၏ မိတ်ဆွေ ဖြစ်ကြောင်း ၊ မစ္စတာ ကိန်းကျိယွမ် ဦးဆောင်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့သည် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးမြှင့်ရန် ထင်ရှားသည့် ဆောင်ရွက်မှု များစွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံသည် ဒီမိုကရေစီ ကူးပြောင်းရေးကို မကြာသေးသော ကာလ တစ်ခုမှ စတင် လုပ်ဆောင်ခဲ့သဖြင့် အရင်းအနှီး ၊ နည်းပညာ နှင့် လူ့စွမ်းအား အရင်းအမြစ်တွင် လိုအပ်ချက် များရှိနေကြောင်း ၊ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် ပိုးလမ်းမကြီး စီမံကိန်းကို ကြိုဆိုကြောင်းနှင့် တရုတ် နိုင်ငံတော် အနေဖြင့် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ထောက်ပံ့မှု များ ပိုမို ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ -တရုတ် ချစ်ကြည်ရေး အသင်း ကိုယ်စားလှယ်များ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဓာတ်ပုံ- MCFA)

ဥက္ကဌ ကိန်းကျိယွမ် မှ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့သည် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးမြှင့်ရန် ပိုမို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း မှ တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန် နေပြည်တော်သို့ လာရောက်စဉ် သွားရောက် လည်ပတ်ခဲ့သည့် နေပြည်တော် အ.ထ.က (၁၄) မှ ဆရာ၊ ဆရာမ ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂ ဦး အဖွဲ့အား တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ် ခဲ့ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့မှ ဆက်လက်၍ အရပ်ဘက် ဆောင်ရွက်မှု အင်အား ကို အသုံးပြု၍ နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေးကို ပိုမို နက်ရှိုင်း လာရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)