Connect with us

Social

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းကျော် မြန်မာသို့ ပေးအပ်

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ လွှဲအပ်မှု လက်မှတ်ရေးထိုးကြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (MLC: _ Mekong-Lancang Cooperation) အစီအစဉ်အရ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီမံကိန်း ၂၂ ခုအတွက် အထူး ရန်ပုံငွေ (၂၀၂၀) အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းကျော် မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခြင်းအတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ယနေ့ ညနေပိုင်း၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ရန်ပုံငွေကိုသက်ဆိုင်ရာ ဝန်ကြီးဌာန ၁၀ ခု(ပြည်ထဲရေး၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေး၊ နိုင်ငံခြားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ တိုင်းရင်းသား ရေးရာ) တို့၏ အောက်တွင် စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက် နည်းပညာ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှု စသည့် နယ်ပယ်များ၌ အသုံးပြု ဆောင်ရွက်သွားမည်ဟု သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသည် မဲခေါင် – လန်ချန်း အထူးရန်ပုံငွေ(၂၀၁၇) အဖြစ် မြန်မာနိုင်ငံ၏ စီမံကိန်း ၁၀ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းကိုလည်းကောင်း၊ မဲခေါင် – လန်ချန်း အထူး ရန်ပုံငွေ (၂၀၁၈)ဖြင့် စီမံကိန်း ၁၉ ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ သန်းကိုလည်း ကောင်း မြန်မာနိုင်ငံသို့ အသီးသီးပေးအပ်ခဲ့ပြီးဖြစ်ရာ ယခု အကြိမ်ပေးအပ်ခြင်းသည် တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အမြဲတမ်း အတွင်းဝန် ဦးစိုးဟန် နှင့် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့က အမှာစကားများ၊ ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ လွှဲအပ်မှုအခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (MLC: _ Mekong-Lancang Cooperation) အစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ – တရုတ် ထိပ်သီး အစည်းအဝေး၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ စတင် အဆိုပြု ချက် အရ မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု လျှော့ချရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ၂၀၁၆ ခုနှစ် မတ်၂၃ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ် ကြောင်း၊ ယနေ့သည် (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (MLC: _ Mekong-Lancang Cooperation) အစီအစဉ်အောက်တွင် ပေါင်းစည်း ဆက်နွယ်ရေး၊ ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက် ရေး၊ ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဟူသည့် ဦးစားပေး နယ်ပယ် ငါးရပ်ဖြင့် စတင် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာမှ မဲခေါင်ဒေသ၏ လိုအပ်ချက် များအရ ပညာရေး၊ ယဉ်ကျေးမှု နှင့် ကျန်းမာရေး နယ်ပယ်များကိုပါ တိုးချဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117