Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု ထူထောင်သည့် နှစ် ၇၀ ပြည့်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းက နေပြည်တော်၌ အတူတကွတွေ့ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့် အခါသမယတွင် တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များသည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို အသီးသီးအပြန်အလှန် ပေးပို့ခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်-မြန်မာ သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့်တွင် မြန်မာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖိန်တို့သည် လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးချုပ် လီခဲ့ချန်းတို့သည် လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှုကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့ရာ ယနေ့ ၂၀၂၀ ပြည့်နှစ် ဇွန် ၈ ရက်သည် နှစ်ပေါင်း ၇၀ တင်းတင်း ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117