Connect with us

Social

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင် နှင့် တရုတ်-မြန်မာ သတင်းမီဒီယာများ တွေ့ဆုံ


ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai)က မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ သတင်းမီဒီယာ ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ယနေ့ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ သံအမတ်ကြီး အိမ်တော်တွင် ရင်းရင်းနှီးနှီး မိတ်ဆက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်မှာ တစ်လကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာကို လေ့လာရန် သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များက အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ၊ အဆွေတော်များက တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲ ဂရုစိုက် ပေးရန် ကျေးဇူးဥပကာရပြု ပြောကြားလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင် နှင့် တရုတ်-မြန်မာ သတင်းမီဒီယာများ ယနေ့တွေ့ဆုံမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေ ဆက်စပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှာလည်း နက်ရှိုင်းလှကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်လက် ဖွံ့ဖြိုး တိုးတက်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး တွန်းအားပေးသူ ဖြစ်လိုပါကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင်က နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကို တွန်းအားပေးသူ ဖြစ်ချင်ကြောင်း ၊ ယခုနှစ်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး ၊ မိတ်ဖက် ဆက်ဆံရေးက နက်ရှိုင်းလာကြောင်း ၊ နှစ်နိုင်ငံသည် ယဉ်ကျေးမှု ၊ ပညာရေး ၊ အားကစား ၊ မီဒီယာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလည်း တစ်နေ့ထက် တစ်နေ့တိုးမြှင့်လာကြောင်း ၊ တရုတ်နိုင်ငံက မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၊ လူမူဝန်ထမ်း ကယ်ဆယ်ရေး ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၊ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေးမှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းအောင် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်းဟိုင် နှင့် တရုတ်-မြန်မာ သတင်းမီဒီယာများ ယနေ့တွေ့ဆုံမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာ ပူးပေါင်း ဆောင်ရွက်ရေးကို တွန်းအားပေးသူ ဖြစ်ချင်ကြောင်း ၊ ယခုနှစ်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာ မိတ်ဆွေများက အပြန်အလှန် ဆွေးနွေး ဖလှယ်ရေးမှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တွန်းအားပေးနေကြောင်း ၊ မိမိကိုလည်း တရုတ်-မြန်မာ မီဒီယာများမှ မိတ်ဆွေများက တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ဂရုစိုက်ပြီး အပြုသဘောဆောင်ကာ အကြံပြုပေးကြရန်လည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် China-ASEAN Panorama မဂ္ဂဇင်းမှ တာဝန်ရှိသူကလည်း တရုတ် မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ ၊ အတွေ့အကြုံများကိုလည်း မ ျှေ၀ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် ပုဂံဒေသသည် ယူနက်စကို၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်ရောက်ပြီးနောက် ခရီးသည် ဝင်ရောက်မှု ပိုမို များပြားလာမည်ဟု ယုံကြည်ကာ ယင်းခရီးသည်များထဲတွင် တရုတ် ခရီးသွား အများအပြား ပုဂံဒေသသို့သွားရောက် လေ့လာမည်ဟု ယုံကြည်ကြောင်း အဆိုပါကဏ္ဍတွင် သံရုံး အနေဖြင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ နှင့် ဆက်လက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် ခရီးသည်များ ပုဂံ ဒေသသို့အများအပြား သွားရောက် လည်ပတ်ရန် ဆောင်ရွက်လိုကြောင်း ၊ ယင်းခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုမှ တစ်ဆင့် မြန်မာနိုင်ငံ ဒေသခံ ပြည်သူလူထု နေထိုင်မှု ဘ၀ မြင့်တင်နိုင်ရေး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရန် မေ ျှာ်လင့်ပါကြောင်း ၊ သံရုံး အနေဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်လိုကြောင်း ၊ သံရုံး အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ ချမှတ်သော သဘောတူညီချက် အတိုင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု၏ ဆန္ဒအတိုင်း ပူးပေါင်း ဆောင်ရွက်မှု နှင့် ချစ်ကြည်ရေး ဆက်လက် မြှင့်တင်နိုင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ သတင်း မီဒီယာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117