Connect with us

Social

၂၀၁၉ ခုနှစ် ရန်ကုန် ဒေသ “တရုတ်စာပေ ပေါင်းကူး တံတား” အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် အနိုင်ရရှိသူ ထွက်ပေါ်

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ အား သြဂုတ်လ ၃ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ များ က “ တရုတ် စာပေ လက်တွဲ ကာ အနာဂတ် အိပ်မက် တည်ဆောက်စို့ ” ဟူသည့် ခေါင်းစဉ် ဖြင့် ပြိုင်ပွဲ အား ယှဉ်ပြိုင်ခဲ့ကြသည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Pan Feng (ဦးဘုန်းကျော်) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန် မြို့ ရှိ တရုတ် ဘာသာစကား စာသင်ကျောင်း အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ကျောင်းသား/သူ များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် ဆုရရှိသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရှိ အထက်တန်း ကျောင်းသား/သူ များ အတွက် ပဏာမ အဆင့် ရွေးချယ်ပွဲ အား ဇူလိုင် ၂၀ ရက် တွင် ကျင်းပ ပြုလုပ်ပေး ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူ များ အနက် ၈ ဦး အား နောက်ဆုံးအဆင့် ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ် ပေးခဲ့သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲ တွင် ကျောင်းသား/သူ များ က ၎င်းတို့၏ တရုတ် ဘာသာစကား ပြောဆိုနိုင်မှု စွမ်းရည် ၊ ရုပ်ရှင် နောက်ခံ အသံ သရုပ်ဆောင် ပြောဆိုမှု စွမ်းရည် ၊ တရုတ် ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေတင်ဆက်မှု ၊ အဆို ၊ အက စသည် တို့ ဖြင့် တရုတ် ဘာသာစကား ကျွမ်းကျင်မှု နှင့် အနုပညာ စွမ်းရည်များ ကို တင်ဆက်စေ ခဲ့ပြီး အကဲဖြတ် အမှတ်ပေးဒိုင် များ၏ ဆုံးဖြတ်ချက် အရ နောက်ဆုံး တွင် ကျောင်းသား/သူ ၃ ဦး အား ပထမ ၊ ဒုတိယ နှင့် တတိယ ဆု ရရှိသူများ အဖြစ် ရွေးချယ်ပေးခဲ့သည်။

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် ပထမဆု အား မောင်ကျော်လင်း က စုစုပေါင်း ရမှတ် ၉၄.၅၃ ဖြင့် ၎င်း ၊ ဒုတိယဆု အား မောင်လူမင်းဦး က စုစုပေါင်း ရမှတ် ၉၃.၈၈ ဖြင့် ၎င်း ၊ တတိယဆု အား မကျော့ကျော့ခိုင် က စုစုပေါင်း ရမှတ် ၉၃.၆၂ ဖြင့် ၎င်း အသီးသီး ဆွတ်ခူး ရရှိခဲ့သည်။

ပထမဆု ရရှိခဲ့သည့် မောင်ကျော်လင်း က မိမိ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မှ ပြိုင်ပွဲ အား လာရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အသက် ၇ နှစ် အရွယ် မှ စတင် ၍ တရုတ် ဘာသာစကား အား စတင် လေ့လာ သင်ယူ ခဲ့ပြီး လက်ရှိချိန်တွင် အရှေ့တိုင်း ဘာသာစကား နှင့် စီးပွားရေး စင်တာ ၊ ကွန်ဖြူးရှပ် စာသင်ကျောင်း တွင် တရုတ် ဘာသာစကား အား ဆက်လက်လေ့လာသင်ယူနေကြောင်း ၊ ပထမဆု အား ရရှိခဲ့သည့် အတွက် လွန်စွာ ဝမ်းမြောက် မိကြောင်း ပြောကြား ခဲ့သည်။

“တရုတ်စာပေ ပေါင်းကူး တံတား” ပြိုင်ပွဲ အား တရုတ် နိုင်ငံ ကွန်ဖြူးရှပ် ကောလိပ် ဌာနချုပ် မှ ဦးစီး ကျင်းပ ပြုလုပ်ပေးသည့် နိုင်ငံတကာ တရုတ် စာပေ စွမ်းရည် ပြိုင်ပွဲ တစ်ရပ် ဖြစ်ပြီး ၂၀၀၂ ခုနှစ် တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံ အသီးသီး မှ ပြိုင်ပွဲဝင် ကျောင်းသား/သူ များ က နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် အနိုင်ရရှိခဲ့ပါက တရုတ် နိုင်ငံ သို့ သွားရောက်၍ ပြိုင်ပွဲ အား ဆက်လက် ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.