Connect with us

Social

မြန်မာဝမ်ပေါင် ကုမ္ပဏီ မှ ရေဘေး ဒုက္ခသည် များအား ကူညီထောက်ပံ့ လှူဒါန်းမှု များပြုလုပ်

မြန်မာ ဝမ်ပေါင် ကုမ္ပဏီ မှ ရေဘေး ဒုက္ခသည် များအား ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဇူလိုင်လ (၂၄) ရက်နေ့မှ စတင်၍ မုံရွာမြို့တွင် မိုးသည်းထည်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် လက်ပံတောင်းတောင် သတ္တုတွင်း လုပ်ငန်းခွင်၏ အရှေ့ဘက် (၅) ကီလိုမီတာ အကွာရှိ ချင်းတွင်းမြစ်၏ မြစ်ရေချိန်အမှတ် မြင့်တက်လာခဲ့သည်။ ဇူလိုင်လ (၃၁) ရက်နေ့မှ စတင်ကာ သတ္တုတွင်း ဧရိယာအတွင်းရှိ အရှေ့ဘက်ပိုင်းသည် ရေဘေးဒုက္ခ ကြုံတွေ့နေရပြီး ကျေးရွာပေါင်း (၁ဝ) ရွာကျော် အပေါ် ထိခိုက်မှု ရှိလာခဲ့ပါသည်။

ပြည်တွင်း မိုးလေဝသ ကြိုတင် ခန့်မှန်းချက်အရ နောင်လာမည့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုများ ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး ချင်းတွင်းမြစ် မြစ်ရေချိန် အမှတ်သည်လည်း ၁.၅ မီတာခန့် ဆက်လက် မြင့်တက်ဦးမည်ဟု သိရသည်။ ဒေသခံ အာဏာပိုင်များ၏ ပြောကြားချက်အရ ယခုအကြိမ် ဖြစ်ပွားသော ရေဘေးသည် ပြီးခဲ့သည့် (၁၅) နှစ်တာ ကာလအတွင်း အကြီးမားဆုံး ဖြစ်ကြောင်းနှင့် ဒေသခံ ရွာသားများ အပေါ် ထိခိုက်နစ်နာမှု များစွာ ဖြစ်သည်ဟု သိရပါသည်။ နေအိမ်အများစုမှာ အမိုးအကာများ ပျက်စီးခြင်းနှင့် ရေလွှမ်းမိုးခြင်းကို ခံခဲ့ရသဖြင့် ဒေသခံများသည် (ရေလွှမ်းမိုးခြင်း မခံရသော) လမ်းမကြီး တစ်ဖက် တစ်ချက်တွင် ယာယီ အဆောက်အအုံ များဖြင့် ပြောင်းရွှေ့နေထိုင်လျက် ရှိကြပြီး ၎င်းတို့ မွေးမြူ ထားကြသော နွား၊ ဝက်၊ ဆိတ် အစရှိသည့် တိရစ္ဆာန်များ သည်လည်း ယာယီ အကာအရံများဖြင့် ထိန်းသိမ်းထားရှိရသည်။ ရေဘေး ဒုက္ခသည်များမှာ တစ်နေ့တာအတွက် ထမင်း (၃)နပ် နှင့် အခြေခံ လိုအပ်ချက်ဖြစ်သည့် သောက်ရေ၊ သုံးရေများအတွက် အခက်ကြုံတွေ့နေကြရသည်။

သြဂုတ်လ (၁) ရက်နေ့ မနက်ပိုင်းတွင် မြန်မာဝမ်ပေါင်မှ ဒုတိယ အထွေထွေမန်နေဂျာ မစ္စတာ လော်သာချင်း နှင့် တရုတ်နိုင်ငံသား ဝန်ထမ်းများအဖွဲ့သည် ရေဘေးဒဏ်သင့်ကျေးရွာများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံများ၏ လိုအပ်ချက်များနှင့် အရေးပေါ် ပြန်လည် နေရာချထားရေးအတွက် စတင် ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းခဲ့သည်။ နေအိမ်များ အတွင်းသို့ ရေများ ဝင်ရောက်ခြင်းကြောင့် ဒေသခံများမှာ ထမင်းဟင်း မချက် ပြုတ်နိုင်သကဲ့သို့ သောက်ရေ၊ သုံးရေများလည်း မရှိပါ။ ဒေသခံများအတွက် အပူတပြင်း အလိုအပ်ဆုံးသည် သောက်သုံးရေ၊ ထမင်းဟင်းနှင့် အခြေခံ လိုအပ်ချက်များ ဖြစ်ကြောင်း သိရှိပြီးဖြစ်၍ ကုမ္ပဏီသည် ချက်ချင်းပင် ဆန်များ၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများနှင့် အခြားစားစရာများကို ပို့ဆောင် ဝေငှပေးခဲ့ပြီး ရေဘေးဒဏ် မသင့်ခဲ့သော ဆည်တဲ-ဇီးတော ရွာသစ်ရှိ ရွာသားများ၏ ကူညီမှုဖြင့် ထမင်းချက်ပြုတ်ရန် စီစဉ်နိုင်ခဲ့ပါသည်။ အဆိုပါ ညတွင် တစ်နေ့တာလုံး ထမင်း မစားခဲ့ရသော ရေဘေးသင့် ဒေသခံများအား ကုမ္ပဏီမှ ထမင်းကျွေးမွေးနိုင်ခဲ့ပါသည်။ သြဂုတ်လ (၂) ရက်နေ့တွင် ကုမ္ပဏီသည် နောက်တစ်ဆင့်အနေဖြင့် ကူညီပံ့ပိုးမှုများထပ်မံပြုလုပ်ခဲ့ရာ ထမင်းဟင်း မချက်ပြုတ်နိုင်သော ရေဘေးသင့်ဒေသခံများအတွက် ရေဘေးဒဏ်မခံခဲ့ရသော ဒေသခံများမှ ထမင်းဟင်းများ ချက်ပြုတ်ပေးနိုင်ခဲ့ခြင်း၊ မြန်မာဝမ်ပေါင် ကုမ္ပဏီအပြင် အခြား Sub-contractor များဖြစ်ကြသော Sino-Hydro နှင့် Nobinco ကုမ္ပဏီများကပါ ရေဘေးသင့် ဒေသခံများအတွက် ဆန်လှူဒါန်းခြင်း၊ ပေါက်စီများ လှူဒါန်းခြင်း တို့ကြောင့် ရေဘေးဒဏ်သင့် ဒုက္ခသည်များအတွက် နေ့စဉ် ထမင်းအနပ် (၈,ဝဝဝ) ခန့် ကျွေးမွေးနိုင်ခဲ့ပါသည်။ ဒုတိယအနေဖြင့် ရေသယ်ကားများကို အမြန်စေလွှတ်၍ ရေဘေးသင့် ဒေသခံများအတွက် သောက်သုံးရေ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ တတိယအနေဖြင့် ရေဘေး သင့်ပြည်သူများ အတွက် ယာယီ အဆောက်အဦများ ဆောက်လုပ်နိုင်ရန် လိုအပ်သည့် ဝါးများနှင့် မိုးကာဖျင်များကို အမြန် ဝယ်ယူပေးနိုင်ခဲ့ပါသည်။ မြန်မာဝမ်ပေါင်မှ ဝန်ထမ်းများအားလုံးကလည်း ရေဘေးသင့် ဒေသခံများအတွက် တစ်စုတစ်စည်းထဲ ငွေကြေးများ လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် ကုမ္ပဏီမှ နယ်လှည့် ဆေးကုသရေးအဖွဲ့ကို ဒေသခံများထံစေလွှတ်ပြီး သဘာဝ ဘေးအန္တရာယ် ဖြစ်ပွား ပြီးသည့်နောက် ဖြစ်ပွားလေ့ရှိသည့် နောက်ဆက်တွဲရောဂါများကို ကာကွယ် ကုသပေး နိုင်ရန်အတွက် ဆေးဝါး စောင့်ရှောက်မှု ပေးလျှက် ရှိပါသည်။

မစ္စတာ လော်သာချင်းမှ “တစ်ဖက်သား အခက်အခဲနှင့်ကြုံတွေ့နေရချိန်တွင် အများက ဝိုင်းဝန်း အားပေး ကူညီပေးကြသည်မှာ ကျွန်တော်တို့ တရုတ်လူမျိုးများ၏ ကောင်းမွန်သော အစဉ်အလာ ထုံးစံပင် ဖြစ်ပါကြောင်း၊ ရေဘေးဒဏ်သင့် ဒေသခံများသည် ကျွန်တော်တို့ လက်ပံတောင်း ဒေသမိသားစု အသိုက်အဝန်း၏ မိသားစုဝင်များပင် ဖြစ်ပါကြောင်း၊ ဒေသခံများ ဤအခက်အခဲကို ကျော်ဖြတ်နိုင်ရန်အတွက် ကျွန်တော်တို့တွင်လည်း တာဝန်ရှိပါကြောင်း၊ ထို့အတွက်ကြောင့်ပင် ကျွန်တော်တို့သည် ဒေသခံအစိုးရနှင့် လက်တွဲ၍လည်း ရေဘေးသင့်ဒေသခံများအား ကူညီထောက်ပံ့ပေးခြင်းကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံများ အမှန်တကယ် အပူတပြင်းလိုအပ်နေသည်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုအနေဖြင့် လူမှုစီးပွားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သော ပုံရိပ်ကောင်း တစ်ခုအဖြစ် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ နေ့စဉ်ဆက်တိုက် ဆိုသကဲ့သို့ မစ္စတာလော် သည် ဒေသခံကျေးရွာများဆီသို့ ထမင်းနှင့်ရေများ ပေးပို့ခြင်းကို ဦးစီးနေပါသည်။ မော်တော်ယာဉ်များ သွားရောက်ရှိနိုင်မည့်နေရာကို မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခြင်း၊ မော်တော်ယာဉ်များ သွား၍ မရသော နေရာကို စက်လှေဖြင့် ပို့ဆောင်ပေးခြင်း၊ စက်လှေ မရောက်နိုင်သည့်နေရာကို ရေမှတစ်ဆင့် လူအင်အားဖြင့် ပို့ဆောင်ခြင်းများ ပြုလုပ်နေပါသဖြင့် ရေဘေးသင့် ဒေသခံများ၏ အစားအသောက်နှင့် သောက်သုံးရေ ရရှိနိုင်ရေးကို တိကျထိရောက်စွာ လုပ်ဆောင်နေပါသည်။ ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင် တည်ရှိနေခြင်းအတွက် ရေဘေးသင့် ဒေသခံများ ကူညီ စောင့်ရှောက်ရေး ကိစ္စများတွင် ယုံကြည် စိတ်ချရပါကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောကြားသွားခဲ့ပါသည်။

မကြာမီရက်ပိုင်းအတွင်း မြန်မာဝမ်ပေါင် ကြေးနီ သတ္တုတွင်း လုပ်ငန်းသည်လည်း ရေဘေးကြောင့် ထိခိုက်မှုများကို ဆက်လက် စောင့်ကြည့်သွားပါမည်။ ရေဘေးကြောင့် စီမံကိန်း အပေါ်ထိခိုက်ခြင်း ရှိသည်များကို အတတ်နိုင်ဆုံး လျော့ပါးအောင် တိုင်းတာမှုဖြင့် သွက်လက်စွာ ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒေသခံအစိုးရနှင့်အတူ ရေဘေးသင့်ဒေသခံများအား ကယ်ဆယ် ကူညီ ပံ့ပိုးပေးခြင်းလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်သွားမည်။ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု အနေဖြင့် လူမှုစီးပွား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သော ပုံရိပ်ကောင်းတစ်ခုအဖြစ် ဆက်လက် တည်ထောင်သွားမည်ဖြစ်သည်။ (Xinhua)