Connect with us

Social

တရုတ်သံအမတ်ကြီး ဟုန်လျန် မှ တရုတ်အစိုးရနှင့် တရုတ် ပြည်သူတွေက ရေးဘေးသင့် ပြည်သူများအား ဆက်လက် အားပေး ကူညီသွားမည် ဟုဆို

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လေယာဉ်ပေါ်တွင် ဆင်ဟွာ သို့ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ကလေး ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် သြဂုတ်လ ၃ ရက်နေ့ တွင် ရေဘေးသင့် ဒေသ ဖြစ်သည့် စစ်ကိုင်းတိုင်း ကလေး မြို့သို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူ များနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းကာ အားပေးစကား ပြောကြား ခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကလေးမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်စဉ်တွင် သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ အင်တာဗျူး ဖြေကြားရာ၌ ရေနစ်မြုပ်တဲ့ ဒေသတွေသွားပြီး ရေဘေးသင့် ပြည်သူတွေကို သွားကြည့်မည် ဖြစ်ကြောင်း ၊ တရုတ် အစိုးရနှင့် တရုတ် ပြည်သူတွေက ရေးဘေးသင့် ပြည်သူများအား အားပေး ကူညီသွားမည် ဖြစ်ကြောင်း ၊ ဘေးအန္တရာယ် ဖြစ်ပေါ်နေတဲ့ တကယ့် အခြေအနေတွေ လေ့လာပြီး တရုတ်နိုင်ငံ ခေါင်းဆောင်တွေကို အမြန်ဆုံး တင်ပြသွားမည် ဖြစ်ကြောင်း ၊ တရုတ်ဗဟိုအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရက ရေးဘေးသင့် ပြည်သူတွေကို ဂရုစိုက်ကာ ပစ္စည်း ကူညီမှုတွေ ဆက်ပေးမည် ဖြစ်ကြောင်း ၊ ဘေးအန္တရာယ် ဖြစ်တဲ့အခါ မြန်မာ ခေါင်းဆောင်နှင့် အစိုးရတို့၏ ကောင်းမွန်တဲ့ ဦးဆောင်မှုဖြင့် အိမ်နီးချင်း မိတ်ဆွေတွေနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဆွေတွေက ကူညီမှုများနှင့် ပူးပေါင်းကာ ပြည်သူတွေက ကြီးမားတဲ့ ဒုက္ခတွေကို ကျော်လွှားနိုင်မယ်လို့ အပြည့်ဝ ယုံကြည်ထားကြောင်း ၊ ကြီးမား ပြင်းထန်တဲ့ဘေး ကြုံတွေ့တာတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတွေလက်တွဲ ပူးပေါင်း ပြီး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ ရေဘေးအန္တရာယ် ရင်ဆိုင် ကျော်လွှားနိုင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို မြှင့်တင်သွားမယ်လို့ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ကလေးမြို့ ရှိရေဘေး ဒုက္ခသည်များ မှလည်း တရုတ်သံအမတ်ကြီးက တရုတ်ပြည်သူတွေရဲ့ ကိုယ်စား ရေဘေးဒုက္ခခံစားနေရသူများကို လာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း နှင့် ယခုလို လာရောက် လှူဒါန်းတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေးပိုမို တိုးတက် ကောင်းမွန်လာမယ်လို့ ထင်မြင်ကြောင်း ပြောကြား ခဲ့ကြသည်။ (Xinhua)