Connect with us

Social

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် အား ပြည်သူလူထု တို့ စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲ


ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ ပြပွဲ နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် အား ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပြီး ပြည်သူလူထု တို့မှ စိတ်ပါဝင်စားစွာ ပါဝင် ဆင်နွှဲ ခဲ့ကြသည်။

တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်သည့် ပြပွဲ နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် တို့အား ပြည်သူလူထု တို့မှ အခမဲ့ သွားရောက် ပါဝင် ဆင်နွှဲနိုင်မည် ဖြစ်ကြောင်း ၊ ပြပွဲ နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် အား နေ့စဉ် ရာနှင့်ချီသော ပြည်သူလူထု တို့ မှာ လာရောက် ပါဝင် ဆင်နွှဲခဲ့ကြောင်း ၊ ပြပွဲ တွင် နှစ်နိုင်ငံ ပညာရှင် တို့၏ အနုပညာ လက်ရာများ အား ကြည့်ရှုခံစား နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို ကိုယ်တိုင်ပါဝင် လုပ်ကိုင် ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် မြင်ကွင်း (ဆင်ဟွာ)

ဇန်နဝါရီ ၁၆ ရက် တွင် စတင်ကျင်းပ ပြုလုပ်သည့် “တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် တို့ အား တရုတ် နိုင်ငံ အစိုးရ ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ကြီးမှူး ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲ နှင့် ယဉ်ကျေးမှု ရက် သတ္တပတ် အား ဇန်နဝါရီ ၁၆ ရက် မှ ၁၉ ရက် အထိ ကျင်းပ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း ၊ ပြပွဲ တွင် မျက်မှောက်ခေတ်ကာလရှိ အောင်မြင်ထင်ရှား သော နှစ်နိုင်ငံ အနုပညာရှင် ၄၀ ကျော် ၏ ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ များကို ပြသပေးသွားမည် ဖြစ်ကြောင်း ၊ ပြပွဲအား လာရောက် ကြည့်ရှုသူများ အနေဖြင့် ယူနန်တိုင်းရင်းသား ပန်းထိုးခြင်း အနုပညာ ၊ တိုင်းလူမျိုး စက္ကူညှပ်ရိုးရာ အနုပညာ ၊ တရုတ် နိုင်ငံ ၏ ရိုးရာ တူရိယာ ဖြင့် လှပသိမ်မွေ့သည့် ဂီတ ဖန်တီးမှု အနုပညာ ၊ မြန်မာ နိုင်ငံ အင်းလေး ဒေသ ၏ ကြာချည်မျှင်ရက်လုပ် မှု အနုပညာ စသည့် နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု နှင့် လက်မှု အတတ်ပညာ တို့ကို ပညာရှင်များ ကိုယ်တိုင်လာရောက် ရှင်းလင်းပြသသွားမည် ဖြစ်ပြီး ကိုယ်တိုင်ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117