Connect with us

Social

E-Commerce သင်တန်းများ ဖွင့်လှစ် သင်ကြားမည့် ZIME Myanmar Center ဖွင့်လှစ်

ZIME Myanmar Center ဆိုင်းဘုတ်အား တာဝန်ရှိသူများက ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံသားများ အနေဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်၍ ရောင်းဝယ် ဖောက် ကားမှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ E-Commerce သင်တန်းများ ဖွင့်လှစ် သင်ကြားမည့် ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့သြဂုတ် ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် Mozi Education & Consulting Co.,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဟိန်းခိုင်က “ E-Commerce ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန် ပထမဆုံး ခြေလှမ်း အနေနဲ့ ZIME Myanmar Center ကို ဖွင့်လှစ်ပြီး 1st Batch ဖြစ်သည့် E-Commerce သင်တန်းကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အနာဂတ်တွင် မြန်မာနိုင်ငံရဲ့လက်တွေ့လိုအပ်ချက်နဲ့ကိုက်ညီသော သင်တန်းများကို ဆက်လက် စီစဉ်သွားရန် ရှိပါတယ်။မြန်မာ ကျောင်းသားများ တရုတ်နိုင်ငံမှာ အသက်မွေးဝမ်းကျောင်း ပညာ များ သင်ကြားရန် ကူညီပေးသွားပါမယ်။မြန်မာ ကုမ္ပဏီများ အတွက် အရည်အသွေး ပြည့်မီတဲ့ အတတ်ပညာရှင်တွေ ရှိလာရန် လိုအပ်တဲ့ သင်တန်းများကိုလည်း ဖွင့်လှစ် ဆောင်ရွက် ပေးသွားပါမယ်။”ဟု ပြောကြားခဲ့သည်။

Mozi Education & Consulting Co.,Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဟိန်းခိုင်က အဖွင့်အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

ထို့အတူ The Assistant President of Zhejiang Mechanical and Electrical Vocational and Technical College မှ Professor Ding MingJun က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အလျှောက် တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီ၍ နေထိုင် လာခဲ့သည် နှင့် အတူ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပညာရေး နယ်ပယ်တွင်လည်း အတူ လက်တွဲ လုပ်ဆောင် လာခဲ့ကြောင်း ၊ ယခု သင်တန်းမှ စတင်၍ ပိုမို ကောင်းမွန်သော နည်းပညာများ ၊ ချစ်ကြည်ရေး နည်းလမ်းများ နှင့် အတူ တရုတ် နိုင်ငံမှ အသစ်သစ်သော တိုးတက်မှုများကို မြန်မာနိုင်ငံမှ သင်ယူ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

The Assistant President of Zhejiang Mechanical and Electrical Vocational and Technical College မှ Professor Ding MingJun က ပြောကြားနေစဉ်(ဆင်ဟွာ)

ထိုနောက် ZIME နှင့် Mozi Education & Consulting Co.,Ltd တို့၏ ပညာရေး ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာအား လက်မှတ် ရေးထိုး၍ ZIME Myanmar Center ဆိုင်းဘုတ်အား ဖွင့်လှစ် ပေးခဲ့ပြီး World and China Trade and E-Commerce Macro Enviroment အကြောင်းအား လွတ်လပ်စွာ နှီးနှော ဖလှယ် ဆွေးနွေးပြောဆိုခြင်းများလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။

ZIME နှင့် Mozi Education & Consulting Co.,Ltd တို့၏ ပညာရေး ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးစဉ်(ဆင်ဟွာ)

ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားတွင် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ZIME Myanmar Center အား တရုတ်နိုင်ငံမှ ZIME နှင့် မြန်မာနိုင်ငံသားပိုင် Mozi Education & Consulting Co.,Ltd တို့ပူးပေါင်း၍ ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ZIME မှ E-Commerce နှင့် ပတ်သက်၍ ဆုတံဆိပ်များစွာ ရရှိထားသော ဆရာ နှစ်ဦး နှင့် Alibaba မှ Trainer တစ်ဦးတို့မှ တိုက်ရိုက် သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသားများ အနေဖြင့် တရုတ်နိုင်ငံ၏ E-Commerce ဖွံ့ဖြိုး တိုးတက်မှု ဖြစ်စဉ်များကို သိရှိနိုင်မည် သာမက AliExpress အပါအဝင် E-Commerce website များကို အသုံးပြု၍ နိုင်ငံတကာ နှင့် ချိတ်ဆက်ပြီး အရောင်းအဝယ် ပြုလုပ်နည်းများကို အသေးစိတ် လေ့လာ သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)