Connect with us

Social

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက မီဒီယာမှတစ်ဆင့် တရုတ်ပြည်သူများအားနှုတ်ခွန်းဆက်သ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၏ နှစ်သစ်ကူးဆုတောင်းမင်္ဂလာနှုတ်ခွန်းဆက်မှု ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အခါသမယ ရောက်ရှိလာမည့် အချိန်အခါတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက မီဒီယာမှတစ်ဆင့် တရုတ်ပြည်သူများအား နှုတ်ခွန်းဆက်သခဲ့သည်။တရုတ်ယုန်နှစ် နှစ်သစ်ကူးပွဲတော်တွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း မှ ဆုမွန်ကောင်းတောင်းခဲ့သည်။မြန်မာ-တရုတ် နှစ်နိုင်ငံ နှစ်သစ်ကူးကာလတွင် ဆွေးနွေးဖလှယ်မှုများ ထပ်တိုးကာ အပြန်အလှန်နားလည်မှုများ တိုးပွားစေကြောင်းနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်စေပါကြောင်း ဆန္ဒပြုအပ်သည်ဟူ၍ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၏ နှစ်သစ်ကူးဆုတောင်းမင်္ဂလာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.