Connect with us

Social

တရုတ် နိုင်ငံမှ မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး အတွက် “Tian Yan” ဂြိုလ်တု ဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်

တရုတ်နိုင်ငံ၏ မိုးလေဝသ ဂြိုလ်တု “Tian Yan” (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေး ဌာနနှင့် တရုတ် နိုင်ငံ မိုးလေဝသ ဌာနမှ မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အထောက်အကူ ပြုနိုင်ရန် ရေဘေးသင့် ဒေသ များကို တရုတ် နိုင်ငံ၏ “Tian Yan” ဂြိုလ်တု ဖြင့် ရေဘေးသင့် ဒေသ ဘေးဒုက္ခ အခြေအနေ နှင့် မိုးရွာသွန်းမှု အလားအလာ တို့ကို စောင့်ကြည့် လေ့လာမှုများ ပြုလုပ် ပေးခဲ့သည်။

တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပြုလုပ်ရာတွင် မိုးလေဝသ အချက်အလက်များ ထောက်ပံ့မှုသည်လည်း အရေးပါ သော အခန်းကဏ္ဍ တစ်ခု အဖြစ် ပါဝင်ခဲ့ပြီး မြန်မာ နိုင်ငံမှ ရေဘေး ဒုက္ခ တိုင်းတာ တွက်ချက်မှုနှင့် မိုးရွာသွန်းမှု အလားအလာ ခန့်မှန်းရန် အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ အစိုးရ အမျိုးသား ဘေးအန္တရာယ် လျှော့ချရေး ဌာနသည် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ တဆင့် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၊ ပို့ဆောင်ရေး ဝန်ကြီးဌာန စသည့် မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သည့် ဌာန များသို့ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး နှင့် ရေဘေး ဒုက္ခ ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် ဒေသများ၏ ယခင် နှင့် ယခု နှိုင်းယှဉ် ဂြိုလ်တု ဓာတ်ပုံ နှင့် ပညာရှင်များမှ ခန့်မှန်း တွက်ချက်မှုများကို ပေးပို့ခဲ့သည်။

တရုတ် နိုင်ငံ အမျိုးသား မိုးလေဝသ ဌာန ၊ အမျိုးသား ဗဟို မိုးလေဝသ ဌာနနှင့် အမျိုးသား ဂြိုလ်တု မိုးလေဝသ ဗဟို ဌာန တို့မှ ပညာရှင် များသည် မြန်မာ နိုင်ငံ အတွင်း အဆက်မပြတ် မိုးရွာသွန်းမှု နှင့် ပတ်သက်၍ ခန့်မှန်း တွက်ချက်မှု များပြုလုပ် ပေးခဲ့ကြသည်။ ထို့ပြင် တရုတ် နိုင်ငံ အမျိုးသား မိုးလေဝသ ဌာန မှလည်း ၎င်း၏ အင်္ဂလိပ် ဘာသာ ဝက်ဘ်ဆိုဒ်တွင် မြန်မာ နိုင်ငံ၏ ၂၄ နာရီ ၊ ၄၈ နာရီ ၊ ၇၂ နာရီ ၊ ရက်ပေါင်း ၄ ရက် မှ ၁၀ ရက် အတွင်း နှင့် ၁၁ ရက် မှ ရက် ၂၀ အတွင်း မိုးရွာသွန်းနိုင်မည့် ပမာဏ ခန့်မှန်းချက် များကို ထည့်သွင်း ဖော်ပြ ပေးသွားပြီး နောက်ဆုံးရ ခန့်မှန်းချက် များကိုလည်း နေ့စဉ် ပြောင်းလဲ တင်ပြ ပေးလျက် ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ မိုးလေဝသ အချက်အလက် နှင့် ခန့်မှန်းတွက်ချက်မှု များပေးပို့ခဲ့သည့် အပေါ် ကျေးဇူး တင်ရှိကြောင်း နှင့် မြန်မာ နိုင်ငံမှ မိုးလေဝသ ခန့်မှန်းတွက်ချက်မှု နှင့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှု များအတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့ပြီး တရုတ် နိုင်ငံ မှ ဆက်လက်၍ မြန်မာ နိုင်ငံသို့ မိုးလေဝသ အချက်အလက်များ ထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။ (Xinhua)