Connect with us

NPC

တရုတ်နိုင်ငံ မြို့ပြတွင် အိမ်ရာရှားပါးမှုအတွက် အိမ်ရာ ၅.၈ သန်း စတင် ဆောက်လုပ်မည်

တရုတ်နိုင်ငံရှိ အိမ်ရာစီမံကိန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြို့ပြတွင် အိမ်ရာရှားပါးမှုအား ဖြည့်တင်းရန် ပြန်လည်တည်ဆောက်ရေး သုံးနှစ်စီမံကိန်းသစ်အား ကြေညာလိုက်ပြီး ယခုနှစ်အတွင်း အိမ်ရာ ၅.၈ သန်း စတင် ဆောက်လုပ်မည် ဖြစ်ကြောင်း အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

“ပြည်သူများ၏ အိမ်ရာ လိုအပ်ချက်တွေကို ဒီနှစ်အတွင်း အကောင်းဆုံး ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု လုပ်ငန်း အစီရင်ခံစာက မတ်လ ၅ ရက်၌ ဖော်ပြထားသည်။

အိမ်ရာဖော်ဆောင်မှုသည် လူနေထိုင်ရန်အတွက်သာ ဖြစ်ပြီး ဈေးကစားရန်အတွက် မဟုတ်ကြောင်း အစီရင်ခံစာ၌ ထပ်လောင်း ဖော်ပြထားသည်။

“ပြည်သူတွေ ကိုယ်တိုင်အသုံးပြုဖို့ အိမ်ဝယ်တာကို ထောက်ပံ့သွားမှာဖြစ်ပြီး အိမ်ရာအငှားဈေးကွက် တိုးတက်စေဖို့နဲ့ အိုးအိမ်ပိုင်ဆိုင်မှု မျှဝေဖို့အတွက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာ၌ ပြောကြားထားသည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်သူ့အငှား အိမ်ရာအတွက် ထောက်ပံ့ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ စီမံချက်အရ နေအိမ်မရှိသော ယခုမှစတင် အလုပ်လုပ်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် နေအိမ်ပိုင်ဆိုင်မှုအတွက် ရုန်းကန်နေကြရသည့် ဝင်ငွေနည်း မိသားစုများအားလုံး ပါဝင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117