Connect with us

NPC

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က စီးပွားရေးတိုးတက်မှု မြှင့်တင်ရာတွင် ရည်မှန်းထားသော ဆောင်ရွက်ချက်များကို ဖော်ဆောင်သွားမည်ဟု ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် တတိယမြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ဗီဒီယိုလင့်ခ်မှတစ်ဆင့် သတင်းထောက်များနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရာတွင် ကြီးမားသောလှုံ့ဆော်မှုကို လုပ်ဆောင်မည့်အစား ရည်မှန်းထားသော ဆောင်ရွက်ချက်များကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။   

ဝန်ကြီးချုပ် လီက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်လီက ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များ၏ မေးမြန်းမှုများကိုလည်း ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖြေကြားခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117