Connect with us

Africa & Middle East

နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရန် ဆီးရီးယားနှင့်ဂျော်ဒန် နှစ်ဖက် သဘောတူ

ဆီးရီးယား-ဂျောဒန် နယ်စပ်ဝင်ထွက်သွားလာရေးဂိတ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက်စ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း ဆီးရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Muhammad al-Sha’ar က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နည်းပညာကော်မတီအဖွဲ့သည် အောက်တိုဘာ ၁၄ ရက်တွင် Jaberနယ်စပ်တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆွေးနွေးခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း Muhammad al-Sha’ar ကဆိုသည်။

Nasib နယ်စပ်ဂိတ်သည် Daraaပြည်နယ် တောင်ပိုင်း Nasibမြို့လေးတွင် တည်ရှိရာ ဆီးရီးယား အရေး မဖြစ်ပွားမီက အစည်ကားဆုံး နယ်စပ်ဝင်ထွက်သွားလာရေးဂိတ်တစ်ခုဖြစ်ပြီး အရှေ့အလယ် ပိုင်းဒေသ အချက်အချာကျသည့် နယ်စပ်ဝင်ထွက်သွားလာရေးဂိတ်တစ်ခု ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဧပြီလ တွင် Nasib နယ်စပ်ဂိတ်ကို အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များက သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနှစ် ဇွန်လ မှစ၍ ဆီးရီးယားအစိုးရသည် Daraaပြည်နယ်ရှိ ဆန့်ကျင်ရေး လက်နက်ကိုင်များကို စစ်ရေးအရတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပြီး နယ်မြေများကို ပြန်လည်သိမ်းပိုက်ခဲ့ရာ ဇူလိုင်လတွင် Nasib နယ်စပ်ဂိတ်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းနယ်စပ်ဝင်ထွက်သွားလာရေးဂိတ်ကို ပြုပြင်ခဲ့ပြီး Daraaမြို့နှင့် ချိတ်ဆက်နေသည့် လမ်းများကိုလည်း ပြုပြင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.