Connect with us

Africa & Middle East

အကြမ်းဖက် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံး ပြီးနောက် တူနီးရှားနိုင်ငံ သမ္မတ မှ အရေးပေါ် အခြေအနေ ထုတ်ပြန်

မြို့တော် တူနီးစ်တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ဝင်များက ကားများကို စစ်ဆေးရှာဖွေနေကြစဉ် (ဆင်ဟွာ)

တူးနစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တူနီးရှား သမ္မတ ဘီဂျီ ကေ့ဒ် အဆက်စီသည် မြို့တော် တူနီးစ် အတွင်း သမ္မတ၏ လုံခြုံရေး တပ်ဖွဲ့ လိုက်ပါလာသည့် ဘတ်စ်ကားပေါ်တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် တူနီးရှား သမ္မတ ဘီဂျီကေ့ဒ် အဆက်စီက နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ နှင့် မြို့တော် တူနီးစ်၌ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေကွဲဖွယ် အဖြစ်အပျက် ဖြစ်ပွားခဲ့မှုကြောင့် ဥပဒေ အရ ရက် ၃၀ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး တူးနီးစ်တွင် ည ၉း၀၀ မှ နံနက် ၅း၀၀ အထိ ညမထွက်ရ အမိန့်အား နိုဝင်ဘာလ ၂၅ရက်နေ့မှစ၍ ထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတ က တီဗီမှ တစ်ဆင့် ပြောကြားခဲ့သည်။နိုဝင်ဘာလ ၂၄ရက် နေ့လည်ခင်း တွင် တူးနီးစ် မြို့လယ်၌ ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လုံခြုံရေး အရာရှိ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သမ္မတရုံး ၏ ထုတ်ပြန်ချက် အရသိရသည်။
သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် အဆိုပါ တိုက်ခိုက်မှုအား အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု၏ နောက်ခံ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရှိရသေးသည့် အပြင် ဗုံးပေါက်ကွဲမှု တရားခံ အား ချက်ချင်း ထုတ်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် တူနီးရှား အာဏာပိုင်များမှ မြို့တော် အတွင်း လုံခြုရေး တပ်ဖွဲ့များ ပိုမို တိုးချဲ့ခဲ့ကာ လုံခြုံရေးအဆင့် မြှင့်တင်လိုက်ပြီး နောက်ပိုင်း ၁၀ ရက် အကြာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် လူထု အုံကြွမှု အတွင်း သမ္မတ ဘန်အလီ ဖြုတ်ချခံရပြီး နောက်ပိုင်း တူနီးရှား၌ မွတ်ဆလင် အစွန်းရောက်များ ၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အစောပိုင်းတွင် IS အကြမ်းဖက် အုပ်စုမှ နိုင်ငံခြားသားများကို ဦးတည်၍ တိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့သည့် အတွက် နိုင်ငံ၏ ခရီးသွား လုပ်ငန်းကို များစွာ ထိခိုက်စေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.