Connect with us

Africa & Middle East

အိန္ဒိယ နိုင်ငံ၌ ယာဉ်တိုက်မှုကြောင့် လူ ၇ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ

အိန္ဒိယ နိုင်ငံ၌ ၂၀၁၇ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိမှုမှာ ယနေ့ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် Uttar Pradesh ပြည်နယ်၏ မြို့တော် Lucknow ၏ အနောက်ဘက် ၂၅၆ ကီလိုမီတာ အကွာရှိ Mainpuri ခရိုင် အတွင်းက Agra-Lucknow အဝေးပြေး လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Agra-Lucknow အဝေးပြေး လမ်းမပေါ်တွင် ယနေ့နံနက် အစောပိုင်းတွင် အရှိန်ပြင်း မောင်းလာသော ယာဉ်တစ်စီးသည် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်အား တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ၊ ၇ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံရဲတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ သေဆုံး သွားသူများတွင် ခရီးသည်တင် ယာဉ်မောင်းလည်း ပါဝင်ကြောင်း သိရသည်။

ဒဏ်ရာ ရရှိသူများအား Saifai မြို့ရှိ အစိုးရ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် နယူးဒေလီမြို ့မှ Varanasi မြို့သို့သွားနေသည့် ယာဉ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်မှ ရုပ်အလောင်းများအား ယာဉ်၏ ရှေ့မျက်နှာစာ အပိုင်းမှ ထုတ်ယူခဲ့ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.